မိမိတို့ကျောင်းတိုက် ဘာသာဋီကာကျမ်းပြုဆရာတော်ကြီးက
လွန်ခဲ့တဲ့နှစ်ပေါင်း ၇၀-ကျော်လောက်ကတည်းက ယနေ့ခေတ်မြန်မာနိုင်ငံကို မျက်စိနှင့်
တိုက်ရိုက် ကြည့်ရှုပြီး ရေးထားသလား အောက်မေ့ရလောက်အောင် ပီပြင်တဲ့ စကားလုံးများက
အခုထိ ခေတ်မှီနေပါသေးတယ်၊
(အနောက်တိုင်းသား, ဘာသာများက, ထိပါးထိုဤ, လွှမ်းမိုးပြီမို့,
ကိုယ်စီဆောင်စွမ်း, တာဝန်လမ်းကို, ထမ်းမှသင့်မည်, ထင်မိသည် ကြောင့်,)
ဒီစာသားလေးဟာ
တကယ့်ကို ဒီနေ့ခေတ် အခုအချိန်မှာ ထိမိတဲ့စကားလေးပါပဲ ဒါကြောင့်
ထပ်ဆင့်မျှဝေလိုက်ပါတယ်
(ရတနာ့ဂုဏ်ရည်
နိဂုံးချုပ် လင်္ကာ)
ကျမ်းပြီးမှတ်ထုံး,
ကမ္ပတ်ဖုံး၍, နိဂုံးအရာ, အကျဉ်းမှာပိမ့်၊ မြန်မာတို့ ဆွေ, မွန်တို့တွေကား, တို့မြေဌာနီ,
နေပါပြီလည်း, မဆီမဆိုင်, မသီနိုင်ဘဲ, ဤတိုင်နောက်ကျ, ဖြစ်ကုန်ရ၍, ဒေသဘာသာ, သာသနာလည်း, အာ ဏာတန်ခိုး,
ညှိုးကြီးညှိုးခဲ့။
လူမျိုးကွယ်ပျောက်,
အပါယ်ရောက်ဘို့, အနောက်တိုင်းသား, ဘာသာများက, ထိပါးထိုဤ, လွှမ်းမိုးပြီမို့, ကိုယ်စီဆောင်စွမ်း,
တာဝန် လမ်းကို, ထမ်းမှသင့်မည်, ထင်မိသည်ကြောင့်, တိုင်းပြည်အတွက်, ဘာသာဘက်က, ရာသက်ပန်မှု,
ကောင်းအောင်ပြုဘို့, ဂရိုတစိုက်, ရေးသားလိုက်၏။
သိထိုက် သိရာ, သိပြီးခါဝယ်, စဉ်လာထင်မြင်, ပြင်ကာ ဆင်၍, စည်ပင်သာယာ,
သာသနာနှင့်, ဘာသာအမျိုး, တိုးကြီးတိုးဘို့, ကိုယ်ကျိုး လည်းအောင်, သူ့ကျိုးဆောင်လျက်,
နောက်နောင်ဂတိ, ကောင်းစေဘိ လော့။
မရှိမခက်,
မသိခက်မို့, သိချက်ဖွယ်ဖွယ်, ဖွင့် သွယ်သွယ်ကို, ဘယ်ဝယ် မလပ်, စဉ်တိုင်းလှပ်၍, လက်ထပ်ပြီးစ, ဇနီးလှသို့, ကျနစေ့ငု, တွေ့တိုင်းရှု
က, သိမှုကုန်စင်, ခန်းတိုင်းမြင်မည်, ...ဤတွင် မှာတမ်း နိဂုံးတည်း။
(ရတနာ့၊ ၂၅၈)
No comments:
Post a Comment