ဓမ္မရေးရာ အတွေးစများ၊ ကဗျာများ၊ ကြိုက်နှစ်သက်ရာ မှတ်တမ်းဓာတ်ပုံများ၊ ဖတ်ခဲ့ဖူးသော စာများထဲမှ နှစ်သက်ရာ စာ ကဗျာများနှင့် အတွေးအခေါ်များကို မှတ်တမ်းသဘော မျှဝေ တင်ပြထားပါသည်

Monday, September 10, 2012

ပေးတဲ့သူပဲ ဖြစ်ချင်မိတယ်


ပေးတဲ့သူပဲ ဖြစ်ချင်မိတယ်

အလှူခံပုဂ်္ဂိုလ်ဖြစ်ရတဲ့ဘ၀မှာ
အလှူရှင်ပေါင်းများစွာရဲ့ လှူဖွယ်ဝတ္ထုတွေအပေါ်
သာယာတပ်မက်မှုမရှိအောင်၊
လှူဖွယ်ဝတ္ထုတွေကို လက်ခံနိုင်လောက်တဲ့
ကိုယ်ကျင့်သိက္ခာနဲ့ပြည့်စုံအောင်၊
လှူဖွယ်ဝတ္ထုတွေကို အလွဲသုံးစား
သုံးစွဲမိတဲ့ အဖြစ်မျိုးမရောက်အောင်
အမြဲဂရုပြုနေရတာကလဲ
တကယ်စဉ်းစားကြည့်ရင်
ဝန်လေးစရာကောင်းလွန်းလှတယ်။
ခပ်ငယ်ငယ်တုန်းက
ထူးဆန်းတဲ့ ဒဿနတစ်ခုကြားဘူးခဲ့တယ်
““ကိုယ့်ကို အခြားသူတွေက ကြည်ညိုပြီး
ဆည်းကပ်ကိုးကွယ်နေတာကို သိပ်မလိုချင်ပါဘူး၊
ကိုယ့်ကို သားတစ်ယောက်လို မောင်တစ်ယောက်လို
အစ်ကိုတစ်ယောက်လို ချစ်လို့
ကိုယ့်ရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနေတာမျိုးကိုပဲ
လိုချင်နေမိတာ
ဘာကြောင့်လဲဆိုတော့ ဒါက အပြစ်ကင်းတယ်လေ””တဲ့
သူ့ရဲ့ဒဿနလေးကိုတော့
ရင်ထဲမှာ အမြဲအမှတ်ရနေမိတယ်
သူ့အယူအဆက မှားတယ်လို့ မဆိုသာပေမဲ့
မှန်တယ်လို့လဲ ပြောလို့မရပေဘူး
ကြည်ညိုလို့ပဲ ပေးပေး
ချစ်လို့ပဲ ပေးပေး
ကိုယ့်ကိုပေးတဲ့အသုံးအဆောင်တွေအပေါ်
တဏှာ မာနတွေနဲ့ မလိမ်းကြံမိဖို့
အရေးကြီးပါတယ်

ဘာပဲဖြစ်ဖြစ်လေ ကိုယ်ကတော့
အခါခပ်သိမ်း ပေးတဲ့သူပဲဖြစ်ချင်နေမိတယ်
ယူတဲ့သူအဖြစ်ရောက်နေတဲ့ ကိုယ့်ဘ၀ကိုလည်း
ရယူတဲ့အရာတွေနဲ့ ထိုက်တန်တဲ့သူအဖြစ် ကျိုးစားပြီးနေနေရအုံးမှာပဲ။

No comments:

Post a Comment