အနိစ္စတဲ့ ...ပြောကြတယ် ..။
ရင့်မှည့်ကြွေကျ ...
သက်တမ်းစေ့နေသွားရတဲ့ သူတွေ ..၊
သီးကင်း ဖူးသစ် ...
ပျိုမြစ်တဲ့အရွယ်မှာ ..သေသွားရတဲ့လူတွေ ...၊
အောင်မြင်မှုတွေ ပွေ့ပိုက်
ပျော်မွေ့နှစ်ခြိုက်နေဆဲ ..ကြွေသွားကြတဲ့ လူတွေ ...၊
အညတရ မထင်မရှားနဲ့
ရုန်းကန် စုန်ဆန်ရင်း ..နေ ..စား၊
ဘ၀ကို ဖြစ်သလိုဇာတ်သိမ်းသွားတဲ့ လူတွေ ...။
ရခဲလှ လူ့ဘ၀မှ
နှုတ်ဆက်ထွက်ခွာ ..
အားလုံးဟာ တကယ်တော့ ....ခဏတာ ...။
ဖြစ်ချင်တာတွေ ဖြစ်လိုက်
ဖြစ်ချင်တာတွေ မဖြစ်လိုက်၊
မဖြစ်ချင်တာတွေ ဖြစ်လိုက်
မဖြစ်ချင်တာတွေ မဖြစ်လိုက် .....။
မှောင်မိုက်တဲ့ လှောင်တိုက်ထဲက
ပုထုဇဉ်များရဲ့ ... မနက်ဖြန် ...၊
ဘယ်သူ အာမခံနိုင်သတဲ့လဲ ....။ ။
နန်းအသင်္ခယာ
နန်းအသင်္ခယာ
(တစ်ဆင့် ဖော်ပြလိုက်ပါသည်၊ အနိစ္စသဘောလေးမို့ပါ၊ မိမိတို့ ဘ၀တွေ ရှောင်လွှဲလို့ မရတဲ့ သဘောလေးမို့ ထပ်ဆင့် မျှဝေလိုက်ပါတယ်။)
No comments:
Post a Comment