ဓမ္မရေးရာ အတွေးစများ၊ ကဗျာများ၊ ကြိုက်နှစ်သက်ရာ မှတ်တမ်းဓာတ်ပုံများ၊ ဖတ်ခဲ့ဖူးသော စာများထဲမှ နှစ်သက်ရာ စာ ကဗျာများနှင့် အတွေးအခေါ်များကို မှတ်တမ်းသဘော မျှဝေ တင်ပြထားပါသည်

Sunday, September 2, 2012

မျက်ရည်အိပ်မက်များ မဖြစ်စေလို


မျက်ရည်အိပ်မက်များ မဖြစ်စေလို

“လူတိုင်းမှာ အိပ်မက်တွေ
ကိုယ်စီ ရှိကြတယ်၊
အဲဒီအိပ်မက်တွေကို
အခြားသူတွေရဲ့ မျက်ရည်တွေနဲ့
တည်ဆောက်တဲ့အခါ
ကိုယ့်ရဲ့အိပ်မက်တွေဟာလည်း
မျက်ရည်ပြန်ဖြစ်သွားတယ်””တဲ့။

““ပုလဲဆိုတာ
ကမာကောင်ရဲ့ မျက်ရည်လို့ ဆိုရိုးရှိတယ်
အဲဒီပုလဲလေးတွေကို
အဆင်တန်ဆာအဖြစ် ၀တ်ဆင်တော့မယ်ဆိုရင်
ကမာကောင်လေးတွေကို သတိရပါ””တဲ့။

မိမိရဲ့ အိပ်မက်များ
မိမိရဲ့ ခမ်းနားထည်ဝါမှုများ
မိမိရဲ့ အဆင်တန်ဆာ အသုံးအဆောင်များဟာ
အခြားသူတွေရဲ့မျက်ရည်ပေါင်းများစွာကို
အရင်းအနှီးပြုပြီးမှရခဲ့တာဆိုရင်
ဖြူစင်မှုနဲ့ငြိမ်းချမ်းမှုက ဝေးသထက် ဝေးနေအုံးမှာပါ။

No comments:

Post a Comment