အိမ်သူမ၏ ဆို့နင့်သောဆုတောင်း
၁။ တပည့်တော်မ
အိမ်နတ်လင်လည်း၊ ကြုံအင်ဆိုးညစ်
ကမ္ဘာစစ်တွင်၊ မွန်းနစ်
ပျက်စီးခဲ့ရပါပြီဘုရား။
ပျက်စီးခဲ့ရပါပြီဘုရား။
၂။ အသက်မက
ချစ်ခင်ရသည့်၊ သားလှရင်သွေး
ပုလုကွေးလည်း၊ ဗုံးဘေးသင့်ကာ
စစ်ဗျူဟာတွင်၊
သက်တာကြွေခဲ့ရပါပြီဘုရား။
သက်တာကြွေခဲ့ရပါပြီဘုရား။
၃။ မိဘနှစ်ဖြာ
သည်းပွတ်မြွှာတို့၊ ဂုဏ်ဝါ အဏ္ဏဝ
အနန္တလည်း၊ အန္တရ ကပ်ဆိုး
မီးလျှံ ခိုးတွင်၊ ကံဆိုးခဲ့ကြရှာပါပြီဘုရား။
၎။ အတုမရှိ
မြတ်မုနိအား၊ တပည့်တော်မ
မျက်ရည်စဖြင့်၊ ခ ယ ကပ်ချွေ
တုပ်ဝပ်လေပြီ။
၅။ များထွေ သတ္တ၀ါ၊ ဝေနေယျာအတွက်
ကမ္ဘာစစ်အား၊ ရှင်ဘုရားသည်
သနားမေတ္တာ၊ ကရုဏာဖြင့်
တားကာ ဆီးကာ၊ ပေးတော့ပါ ဟု
ပန်ထွာရှိညောင်း၊ ဆယ်လက်ပေါင်း၍
ဆုတောင်း ဦးညွတ်ပါသည်ဘုရား ။ ။
မဟာဂန္ဓာရုံဆရာတော် တစ်ဘ၀သာသနာ-
မှ
No comments:
Post a Comment