နိဂုံးချုပ်လင်္ကာ
ကျမ်းပြီးမှတ်ထုံး, ကမ်္ပတ်ဖုံး၍, နိဂုံးအခန်း,
လက်ရုံး တန်းပိမ့်, ခေတ် ဆန်းခုနှောင်း, လူအပေါင်းကား, မကောင်းကိုးကွယ်, ကောင်းကိုးကွယ်ဟု,
ညာဘယ်မခြား, မပြုငြားဘဲ, စဉ်းစားဝေဖန်, ကျိုးရှိတန်မှ, လျော်ကန်ရုံမျှ, ကိုးကွယ်ကြလိမ့်။
ဗုဒ်္ဓမြတ်စွာ, သာသနာကို, ကောင်းစွာကြိုတင်,
မပြုပြင်သော်, အမြင်မှိန်မှေး, အထင်သေး၍, ယဉ်ကျေးဖွယ်ရာ, အဖြာဖြာနှင့်, ဘာသာဝါဒ, ဟူသမျှတို့,
စစကုန်သုဉ်း, ပြုတ်ပြုတ်ပြုံးလိမ့်။
ထွဋ်ဘုန်းသာသနာ, မှိန်သောခါဝယ်, ထွေရာကောင်းနိုး,
ဝါဒမျိုးဖြင့်, အကျိုးမဟဲ့, ဖြစ်ပြန်ခဲ့မူ, တကဲ့တိုင်းကြီး, ပြည်အနီး၌, တိုင်းသီး ပြည်နယ်,
မျက်နှာငယ်လိမ့်။
သို့နှယ်ကြောင်းရာ, စုပေါင်းကာဖြင့်, ကောင်းစွာမျှော်ညှိ,
ဆင်ခြင်မိ၍, တို့၏ နယ်မြေ, တို့အမွေနှင့်, တို့မေဘာသာ, သာသနာကို, တို့သာကြံ့ကြံ့, စောင့်ရှောက်အံ့ဟု,
ခံ့ခံ့မားမတ်, စိတ်ထားမြတ်ဖြင့်, နာဂတ်သာသနာ, ရေးအရာကို, တွေးကာသိုက်မြိုက်, ရေးသားလိုက်၏။
သိထိုက်သိရာ, သိပြီးခါဝယ်, စဉ်လာထင်မြင်, ပြင်ကာဆင်လျက်,
စည် ပင်သာယာ, သာသနာနှင့်, မြန်မာပြည်ထောင်, တိုးတက်အောင်လျှင်, ခေါင်းဆောင်ရှေ့သွား,
ရှင်လူများတို့, ခွဲခြားမေတ္တာ, မထားပါဘဲ, များစွာ ခိုသင်း, ငုံးခပင်းတို့, မကြွင်းကိုယ်စီ,
ပိုက်ကိုချီသို့, ညီညီကြိုးကုတ်, အားသွန် ထုတ်က, ဗုဒ္ဓသာသနာ, ပြည်မြန်မာသည်, ကမ္ဘာထုတ်ချင်းထွင်လိမ့်သော်။
(နာ၊ဂတ်၊ ၄၂၇)
No comments:
Post a Comment