သစ်ပင်သဖွယ်
လူတွင်တစ်ယောက်,
ဆိုရလောက်အောင်, ထွန်းတောက်မည့်သူ, ထိုသည့်လူကား, ငယ်မူငယ်သွေး , ငယ်ကလေးက, ဘိုးဘေးလည်းစောင့်,
မျိုးလည်းစောင့်၍, စောင့်မည့်အရာ, တွေ့မြဲသာတည်း၊ ၀ါသနာခေါ်, အထုံ သော်ကား, မတော်မတဲ့,
မရှိခဲ့၍, တဲ့ရာတော်ရာ, ၀ါသနာကြောင့်, ဉဏ်ပါ ၀ီရိ , အမြဲရှိသား၊ မိမိဘိုးဘွား, ဆရာများက,
အားထားလေးမူ, အရေးယူ၏၊ ထိုသူမျိုးသာ, ဖြစ်ခဲ့ပါမူ, နောင်ခါဆက်ဆက်, ညွှန့်အတက်ဖြင့်,
ကွန့်လျက် ဝေဖြိုး, သစ်ပင်မျိုးသို့, တိုင်းကျိုးပြည်ရွာ, သာသနာနှင့် , ဘာသာမျိုးနွယ်,
ခိုကိုးဖွယ်သည်, .....ငယ်ငယ်သစ်ပင် သဘောတည်း ။
(သံသရာ၊ ၇၃)
(ဆရာတော်ကြီးရဲ့ လူငယ်တွေအပေါ်မှာ ငယ်ငယ်ကလေးဘ၀မှ စတင်ကာ အမျိုး ဘာသာသာသနာကို စောင့်ရှောက်ချင်စိတ်ရှိတဲ့ ကလေးငယ်မျိုးတွေ များများဖြစ်အောင် သူ့ရဲ့ တစ်ဘ၀သံသရာမှာ သူ့အတွေ့အကြုံကို အခြေခံပြီး ညွှန်ပြထားတဲ့ ကဗျာလေးပါ)
No comments:
Post a Comment