အမေ...သို့
အမေ ၊ အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ် … ။
အမေ့ မျက်ရည်တွေ သားအတွက် ဘယ်လောက်များ သွန်းလောင်းခဲ့
ပြီးပြီလဲ အမေ။
သားရဲ့မိုက်မဲမှုတိုင်းမှာအမေဟာ ဓါးစာခံ ၊ သားရဲ့
ပျော်ရွှင်မှုတိုင်းမှာတော့ အမေဟာ ပရိသတ် ၊
သားရဲ့ဝမ်းနည်းပူဆွေးမှုတွေ အတွက်တော့ အမေဟာ
ရေအေး တစ်ခွက်ပါ အမေ။
အမေရယ်
… ဘာဆိုဘာမှ မသိသေးတဲ့
အချိန်တွေ ကတည်းက အမေ့သားဟာ
ဘယ်လိုဆိုတာ သိခဲ့တဲ့အတွက်
အမေကို
ကျေးဇူးတင်ပါတယ် … ။ သား အမေ့ အတွက်
မသိတတ်ခဲ့တဲ့ အချိန်တွေ အတွက်လည်း
အမေ့ကို ကျေးဇူးတင်ပါတယ် ။
အမေဟာ သားအတွက် ပဲ့ကိုင် ၊ တံတိုင်း ၊ လှေခါး
၊ အားလုံးကို ချုံပြောရရင်တော့ အနန္တကျေးဇူးရှင်ပါ
…။
“မိဘမျက်ရည်တစ်စက် သားသမီး ဆင်းရဲတစ်သက်” တဲ့ အမေ … ။
သားအတွက်ကြောင့် အမေကျခဲ့ရတဲ့ မျက်ရည်တွေဟာ
… အလျှံအပယ်ပါပဲ ။
အမေ့ကို သားချစ်တာ … သားကို
အမေက ချစ်တာလောက် မမှီဘူးဆိုတာ သိပါတယ် အမေ
… ။
အမေက ပြောတယ်လေ တန်ဖိုးရှိအောင်နေရတယ်တဲ့ … ။
အခု သား တန်ဖိုးမရှိသေးပေမယ့် … တန်ဖိုး
သတ်မှတ်လို့ ရအောင် နေတတ်နေပါပြီ အမေ
… ။
“ဘယ်သူတွေ ယုံယုံ မယုံယုံ သားကို အမေ
ယုံတယ်သား … သားကလဲ အမေ့ကို မညာရဘူး….။
သား
မဟုတ်တာ … (အပြစ်)
တစ်ခုခု လုပ်တော့မယ် ၊ ကျူးလွန်တော့ မယ်ဆို
အမေ့ မျက်နှာလေးကို … စိတ်ထဲမှာ မြင်ယောင်ပေးပါ သားရယ် “ လို့ အမေ … သတိပေးတတ်တဲ့
စကားကို သား သေတဲ့အထိ စိတ်ထဲဆွဲနေမိမှာပါ
… ။
အခုဆို သားအရင်လို မဆိုးတော့ ပါဘူးအမေ … အမေဆုံးမတဲ့
စကားတွေကို မသိစိတ်ကနေ ခံယူ နာခံတတ်နေပါပြီ
… ။
အမေ့မှာတဲ့ စကား တစ်ခွန်းကို
ဘုရားပေးတဲ့ လက်ဆောင်အဖြစ် သားခံယူတတ်နေပါပြီ။(ရေးသူမသိ) ဖတ်ခဲ့ဖူးသော ဘလော့တစ်ခုမှ ---
No comments:
Post a Comment