ဓမ္မရေးရာ အတွေးစများ၊ ကဗျာများ၊ ကြိုက်နှစ်သက်ရာ မှတ်တမ်းဓာတ်ပုံများ၊ ဖတ်ခဲ့ဖူးသော စာများထဲမှ နှစ်သက်ရာ စာ ကဗျာများနှင့် အတွေးအခေါ်များကို မှတ်တမ်းသဘော မျှဝေ တင်ပြထားပါသည်

Friday, September 28, 2012

မှဲ့ကလေး


                    မှဲ့ကလေး

       အသိပညာရဲ့တန်ဖိုးအကြောင်း ပြောမယ်ဆိုရင် ပြောစရာတွေ များပါတယ်၊ ဒီအသိပညာအကြောင်းကို မပြောခင် ဇာတ်လမ်းလေးတစ်ခု ပြောပြချင်ပါတယ်၊
       မိမိခပ်ငယ်ငယ်က အသိမိန်းကလေး တစ်ယောက်တွေ့ဖူးတယ်၊ အရွယ်လေးက ခပ်ငယ် ငယ်ပေါ့၊ ချောချောလှလှလေးပါပဲ၊ ပတ်ဝန်းကျင်မှာလဲ ချစ်စရာကောင်းတယ်လို့ သတင်းထွက်ပါတယ်၊ ပင်ကိုယ်ကတည်း က လှပါတယ်၊ ချစ်သူထားရမဲ့အရွယ်ရောက်လာတဲ့အခါဆိုတော့ ချစ်သူတွေ ဘာတွေ ရတာပေါ့၊ အဲဒီမိန်းကလေး က သူ့ချစ်သူကို အရမ်းချစ်ပါသတဲ့၊ အရမ်းချစ်တော့ သူ့ချစ်သူနဲ့ ဝေးကွာသွားမဲ့ အဖြစ်မျိုး၊ သူ့ချစ်သူနဲ့ လွဲချော်ရမဲ့ ဘယ်အခြေအနေမျိုးကိုမှ လက်မခံနိုင်လောက်အောင် ချစ်ပါတယ်တယ်တဲ့၊
       သူ့မျက်နှာပေါ်က ပါးတစ်ဖက်မှာ မှည့်လေးတစ်လုံးပါပါတယ်၊ (မိမိအနေနဲ့ဆိုရင်တော့ အဲဒီမှည့်လေးက သူ့အလှကို ပိုပြီးပေါ်လွင် စေတယ်လို့ ထင်ပါတယ်၊ ထင်တာပြောတာပါ)၊ အဲဒီမှည့်လေးကို ကြည့်ပြီး ဘေးပတ်ဝန်း ကျင်က ““မျက်ရည်ခံ မှည့်၊ မျက်ရည်ခံမှည့်””ဆိုပြီးတော့ ပြောကြတယ်တဲ့၊ မျက်ရည်ခံမှည့်ရှိတော့ ဘာဖြစ်သလဲ၊ မျက်ရည်ခံမှည့်ရှိရင်  ချစ်သူနဲ့ မပေါင်းရတတ်ဖူးတဲ့၊ ကိုယ့်ချစ်တဲ့သူနဲ့ ခွဲခွာရတတ်တယ်။ ချစ်သူနဲ့ပေါင်းရရင်လဲ သူတို့ချစ်သူနှစ်ယောက်ထဲက တစ်ယောက်ယောက်က သေသွားတတ်တယ်၊ ဒီလိုမျိုး၊ ဟိုလူကတစ်မျိုးပြော၊ ဒီလူက တစ်မျိုးပြော၊ ပြောကြတဲ့ အခါကျတော့ သူ့စိတ်ထဲမှာ နဲနဲဇဝေဇ၀ါဖြစ်သွားတယ်၊ သူ့ချစ်သူနဲ့လဲ မခွဲခြင်ဘူး၊ ဒီမှည့်လေးကိုမြင်တိုင်းလဲ သူ့ချစ်သူနဲ့ ခွဲခွာရမှာကို စိတ်ထဲမှာ စိုးရိမ်တယ်၊ ကိုယ့်မျက်နှာကို မှန်ထဲကြည့်တိုင်း ဒီမှည့်လေးကို ဖျက်ပစ်ချင်တယ်၊ သူ့ချစ်သူကို ချစ်တဲ့စိတ်နဲ့ပေါ့၊ သူ့ချစ်သူကို ချစ်သလောက် ဒီမှည့်လေးကို မုန်းတယ်၊ (ဆိုးတယ်နော်၊ မိမိ မျက်နှာပေါ်က မှည့်လေးတောင် ငြိမ်ငြိမ်မနေရဘူး၊ ချစ်သူကြားမှာ အနှောက် အယှက်ဖြစ်တယ်လို့ ထင်နေတယ်၊ ချစ်သူကို ကိုယ့်မျက်နှာထက်တောင် ချစ်ပါတယ်ဆိုတဲ့ သဘောမျိုးပေါ့နော်၊)

အရပ်ဆယ်မျက်နှာကြည့် ဘုဉ်းပေးပါသလား


                         အရပ်ဆယ်မျက်နှာကြည့် ဘုဉ်းပေးပါသလား

တစ်ခုသော နံနက်ခင်းကာလ၊ နေရာမှာ ရာဇဂြိုဟ်မြို့အထွက် လမ်းဘေး ဇရပ်တစ်ခုပေါ်တွင်ဖြစ်သည်။ မြတ်စွာဘုရား၏ လက်ယာတော်ရံ ပညာဧတဒဂ်ဘွဲ့ထူးရ ဓမ္မသေနာပတိထိပ်ခေါင် အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးသည် မြို့တွင်းမှ ဆွမ်းခံအပြန် တစ်ပါးတည်း ယင်းဇရပ်ပေါ်သို့ တက်ခဲ့၏၊ ပြီးလျှင် နံရံ ကိုမှီ၍ ထိုင်ကာ ခပ်ငုံ့ငုံ့ဆွမ်းဘုဉ်းပေးတော်မူနေသည်။
          သပိတ်အတွင်းနှိုက်၍ တစ်လုပ်နှစ်လုပ်မျှ ဘုဉ်းပေးတော်မူကာရှိသေး `သုစိမုခ` အမည်ရှိသော ပရိဗိုဇ်မတစ်ဦးရောက်လာသည်၊ ထိုပရိဗိုဇ်မက ကောက်ကာ ငင်ကာ မေးတော့၏၊
          `အရှင်ဘုရား ဆွမ်းကို အောက်ငုံ့ပြီး ဘုဉ်းပေးနေပါသလား`  တဲ့၊
အရှင်သာရိပုတ္တရာမထေရ်မြတ်က မေးလိုရင်း အဓိပ္ပါယ်ကို လက်ကနဲ သိတော်မူလိုက်၍  ဆွမ်းဘုဉ်းပေးရင်းပင် ဖြေတော်မူသည်။
          `အောက်ငုံ့ပြီး ဘုဉ်းပေးနေတာ မဟုတ်ပါ `
          `ဒါဖြင့် မော့ပြီး  ဘုဉ်းပေးပါသလား `
          `အဲဒီလိုလည်း မဟုတ်ပါဘူး`
          `ဒါဆိုရင် အရှေ့ အနောက် တောင် မြောက် အရပ်လေးမျက်နှာကို ကြည့်ပြီး ဘုဉ်းပေးပါသလား`
          `အဲဒီလိုလည်း မဟုတ်ပါဘူး`
          `ဒါဖြင့် အရှင်ဘုရားက ထောင့်လေးထောင့်အရပ်တွေကို ကြည့်ပြီး ဘုဉ်းပေးနေတာထင်တယ်၊ ဟုတ်ပါသလား`

အရိပ်ဆိုတာ


အရိပ်ဆိုတာ
အရှိထက်မပိုပါဘူး၊

တစ်ချို့ တစ်ချို့က
ရှိတာထက် ပိုခန်းနားချင်ကြတယ်
ဒါမှမဟုတ်
ကိုယ့်အရှိထက် ပိုခန်းနားထည်ဝါတယ်လို့
ထင်စေချင်ကြတယ်။

အရိပ်တွေ ခန်းနားထည်ဝါလှပဖို့ထက်
ပကတိ အရှိ ခန်းနားထည်ဝါလှပဖို့ အရေးကြီးပါတယ်၊
အရှိ ကြိးကျယ်လာရင်
အရိပ်ကလည်း ကြီးကျယ်လာမှာပါပဲ။

အရိပ်ဆိုတာ
ပြင်ပ ဗဟိဒ္ဓိပကာသနတွေကို ဆိုလိုတာပါ၊
အရှိဆိုတာကတော့
သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးပါးကို ဆိုလိုတာပါ။

ဒါကြောင့်
အရိပ်တွေက
အရှိထက် ပိုခန်းနားမှု မရှိပါဘူး။

                             သုဝီရ

မောင်ရင့်ဖို့ (၀ါကျွတ်အမှီ)


                             မောင်ရင့်ဖို့

ရစ်တံ  ထိုးပါလို့
ကြိုးချိတ်နှင့် အကွက်လယ်။

ပျိုတို့မောင် သူဆင်မြန်းဖို့
ဆန်းလို့ မယ်ခြယ်။

ဆက်မပြတ်အောင်တဲ့
လက်ခတ်က အသံကြွယ်
နယ်ကျော်တဲ့  ပျို့ ရက်ကန်း။

ဝါအကျွတ်ကိုဖြင့်
ဝတ်ရစေ ပျို့လူချောကို
စောလို့ ရည်မှန်း။       ။

Monday, September 24, 2012

အမေ အဖေကောင်းမှု ကထိန်ပွဲပါ ၊ ရွာမှာ သုံးကြိမ်မြောက် အောင်ပွဲပါ


တကဲ့တိုင်းကြီး, ပြည်အနီး၌, တိုင်းသီး ပြည်နယ်, မျက်နှာငယ်လိမ့်။


နိဂုံးချုပ်လင်္ကာ 

       ကျမ်းပြီးမှတ်ထုံး, ကမ်္ပတ်ဖုံး၍, နိဂုံးအခန်း, လက်ရုံး တန်းပိမ့်, ခေတ် ဆန်းခုနှောင်း, လူအပေါင်းကား, မကောင်းကိုးကွယ်, ကောင်းကိုးကွယ်ဟု, ညာဘယ်မခြား, မပြုငြားဘဲ, စဉ်းစားဝေဖန်, ကျိုးရှိတန်မှ, လျော်ကန်ရုံမျှ, ကိုးကွယ်ကြလိမ့်။
       ဗုဒ်္ဓမြတ်စွာ, သာသနာကို, ကောင်းစွာကြိုတင်, မပြုပြင်သော်, အမြင်မှိန်မှေး, အထင်သေး၍, ယဉ်ကျေးဖွယ်ရာ, အဖြာဖြာနှင့်, ဘာသာဝါဒ, ဟူသမျှတို့, စစကုန်သုဉ်း, ပြုတ်ပြုတ်ပြုံးလိမ့်။
       ထွဋ်ဘုန်းသာသနာ, မှိန်သောခါဝယ်, ထွေရာကောင်းနိုး, ၀ါဒမျိုးဖြင့်, အကျိုးမဟဲ့, ဖြစ်ပြန်ခဲ့မူ, တကဲ့တိုင်းကြီး, ပြည်အနီး၌, တိုင်းသီး ပြည်နယ်, မျက်နှာငယ်လိမ့်။
       သို့နှယ်ကြောင်းရာ, စုပေါင်းကာဖြင့်, ကောင်းစွာမျှော်ညှိ, ဆင်ခြင်မိ၍, တို့၏ နယ်မြေ, တို့အမွေနှင့်, တို့မေဘာသာ, သာသနာကို, တို့သာကြံ့ကြံ့, စောင့်ရှောက်အံ့ဟု, ခံ့ခံ့မားမတ်, စိတ်ထားမြတ်ဖြင့်, နာဂတ်သာသနာ, ရေးအရာကို, တွေးကာသိုက်မြိုက်, ရေးသားလိုက်၏။
       သိထိုက်သိရာ, သိပြီးခါဝယ်, စဉ်လာထင်မြင်, ပြင်ကာဆင်လျက်, စည် ပင်သာယာ, သာသနာနှင့်, မြန်မာပြည်ထောင်, တိုးတက်အောင်လျှင်, ခေါင်းဆောင်ရှေ့သွား, ရှင်လူများတို့, ခွဲခြားမေတ္တာ, မထားပါဘဲ, များစွာ ခိုသင်း, ငုံးခပင်းတို့, မကြွင်းကိုယ်စီ, ပိုက်ကိုချီသို့, ညီညီကြိုးကုတ်, အားသွန် ထုတ်က, ဗုဒ္ဓသာသနာ, ပြည်မြန်မာသည်, ကမ္ဘာထုတ်ချင်းထွင်လိမ့်သော်။                                                            (နာ၊ဂတ်၊ ၄၂၇)

Sunday, September 23, 2012

ညီလေးများအတွက်


ကမ်းကုန်အောင် မဆိုးရစ်ပါနှင့်, အမျိုးစစ် အမျိုးမှန်၊
ဆိုးညစ်တော့, ဖိုးမတန်သည်, ရိုးမှန်မှန် သဘော၊
အောင့်အည်း၍, ဖြောင့်တည်းစွာငယ်, စောင့်စည်းကာ မင်းနေရစ်နော၊
စောင့်စည်းမှ အေးသက်သာမည်, လေးနက်စွာ စိတ်စော၊
မပြင်လျှင် မှန်စွာမျောမှာမို့, သံသာကြော ရေယဉ်၊
ခုအနေ စုတေရလျှင်လ, လူ့ပြေမှ ဝေးရမည်ပင်၊
မင်း ဆိုးသမျှ မွေးမိခင်မှာ, တွေးကြည့်လျှင် စိတ်မအေးတာမို့၊
တဆိတ်ကလေး ပြင်စမ်းပါ့ကွယ်, ပင်ပန်းလှတယ်၊
နောင်ကြီးတော့ အခက်ကြွယ်သည်, လက်မလယ် လုပ်ငန်းကြောင့်လေး။                                                          (သံသရာ၊ ၂၂၇)

ထောက်မှန်ပေါ်တွင်


မလားအပါယ် တရားကယ်

       ထောက်မှန်ပေါ်တွင်, ကိုယ့်အသွင်ကို, ဆင်ပြင် လိုဘိ, နေ့စဉ်ကြည့်သို့, မိမိသီလ, ဆိုင်သမျှကို, နေ့ညခပင်း, လွန်သန့်ရှင်း၍, ပြန့်သင်းမွှေးမှု, အ လေးပြုလျက်, သုံးလူ့ ထွဋ်ထား, မြတ်ဘုရားနှင့်, တရား သံဃာ, အရိယာ၏, ဆိုင်ရာ ဂုဏ်တော်, ဉာဏ်၌ပေါ်အောင်, ရွှင်ပျော်ရှုစား, သဒ်္ဓါပွားမူ, မလား အပါယ်, တရားကယ်မည်, ရှုဖွယ်ထောက်မှန်အစစ်တည်း။ (ကိုယ်ကျင့်၊ ၃၃၃)