ထိုပ၀ါရဏာကို
ခွင့်ပြုတော်မူခြင်း အကြောင်းရင်းကား-
ဘုရားရှင် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်၌
သီတင်းသုံးတော်မူစဉ်အခါက ကောသလတိုင်း ဇနပုဒ် ကျောင်းတကျောင်း၌ နေခဲ့ကြသော ရဟန်းတော်တို့သည်
“အချင်းချင်း ငြင်းခုံမှုမရှိကြပဲ ညီညီညွတ်ညွတ်ဖြင့် ချမ်းသာစွာ နေထိုင်ကြရအောင် တပါးနှင့်တပါး
စကားမပြောကြစတမ်း”ဟု ကတိက၀တ် ထားကြလျက် ၀ါတွင်းသုံးလပတ်လုံး စကား-လုံးဝမပြောကြပဲ နေခဲ့ကြသည်ကို
ဘုရားရှင် သိရှိတော်မူသောကြောင့် ထိုသို့ စကား-လုံးဝမပြောပဲ နေကြခြင်းသည်---
သားကောင် တိရစ္ဆာန်တို့၏ ပေါင်းသင်းနေထိုင်ခြင်း
(ပသုသံဝါသ-၁), နှင့်တူ၏၊
စကားမပြောနိုင်သူ လူအ,တို့၏ အကျင့် (မူဂပဗ္ဗတ-၂) ဖြစ်သော တိတ္တိတို့ ဆောက်တည်သော အကျင့်လည်း ဖြစ်၏ (-၃။) ဟု ကဲ့ရဲ့ရှုတ်ချတော်မူပြီးလျှင် သီလ-သမာဓိ ပညာတိုးပွား အကျိုးများသော တရားစကားကို ပြောဆိုနေထိုင်ကြကာ (-၄) သီတင်းကျွတ်လပြည့်နေ့၌ သံဃာတော်များအားလုံး တသိမ်တည်းမှာ စုဝေးပြီး အချင်းချင်း အပြန်အလှန် ဖိတ်ကြား ပ၀ါရဏာပြုကြရမည်-ဟု ပညတ်တော်မူခဲ့လေသည်။
စကားမပြောနိုင်သူ လူအ,တို့၏ အကျင့် (မူဂပဗ္ဗတ-၂) ဖြစ်သော တိတ္တိတို့ ဆောက်တည်သော အကျင့်လည်း ဖြစ်၏ (-၃။) ဟု ကဲ့ရဲ့ရှုတ်ချတော်မူပြီးလျှင် သီလ-သမာဓိ ပညာတိုးပွား အကျိုးများသော တရားစကားကို ပြောဆိုနေထိုင်ကြကာ (-၄) သီတင်းကျွတ်လပြည့်နေ့၌ သံဃာတော်များအားလုံး တသိမ်တည်းမှာ စုဝေးပြီး အချင်းချင်း အပြန်အလှန် ဖိတ်ကြား ပ၀ါရဏာပြုကြရမည်-ဟု ပညတ်တော်မူခဲ့လေသည်။
ပ၀ါရဏာပြုပုံ
သံဃံ ဘန္တေ ပ၀ါရေမိ ဒိဋ္ဌေန ၀ါ, သုတေန ၀ါ, ပရိသင်္ကာယ ၀ါ,
ဝဒန္တု မံ အာယသ္မန္တော အနုကမ္ပံ ဥပါဒါယ၊ ပဿန္တော ပဋိကရိဿာမိ ။
ဒုတိယမ္ပိ ဘန္တေ သံဃံ ပ၀ါရေမိ ဒိဋ္ဌေန ၀ါ, သုတေန ၀ါ, ပရိသင်္ကာယ ၀ါ,
ဝဒန္တု မံ အာယသ္မန္တော အနုကမ္ပံ ဥပါဒါယ၊ ပဿန္တော ပဋိကရိဿာမိ ။
တတိယမ္ပိ ဘန္တေ သံဃံ ပ၀ါရေမိ ဒိဋ္ဌေန ၀ါ, သုတေန ၀ါ, ပရိသင်္ကာယ ၀ါ,
ဝဒန္တု မံ အာယသ္မန္တော အနုကမ္ပံ ဥပါဒါယ၊ ပဿန္တော ပဋိကရိဿာမိ ။ ( ၀ိ-၃-၂၂၃ )
( မြန်မာ )
အရှင်ဘုရားတို့၊ မြင်ခြင်းအားဖြင့်သော်၎င်း,
ကြားခြင်းအားဖြင့်သော်၎င်း, ယုံမှားခြင်းအားဖြင့်သော်၎င်း တပည့်တော်မှာ အပြစ်ရှိပါက
ပြောဆိုဖို့ရန် သံဃာတော်ကို ဖိတ်မန်ပါ၏၊
အရှင်ဘုရားတို့သည် တပည့်တော်ကို သနားစောင့်ရှောက်
ချီးမြှောက်သောအားဖြင့် ပြောဆိုတော်မူကြပါဘုရား၊ တပည့်တော်သည် အပြစ်ကိုမြင်သော် ကုစားပါမည်ဘုရား။
နှစ်ကြိမ်မြှောက်လည်း-
သုံးကြိမ်မြှောက်လည်း-
၁. ပသုသံဝါသန္တိ ပသူနံ ၀ိယ သံဝါသံ။ ပသဝေါပိ ဟိ အတ္တနော ဥပ္ပန္နံ သုခဒုက္ခံ အညမညဿ န အာရောစေန္တိ၊ ပဋိသန္ထာရံ န ကရောန္တိ၊ တထာ ဧတေပိ န အကံသု။ တသ္မာ နေသံ သံဝါသော“ပသုသံဝါသော”တိ ၀ုစ္စတိ။ (၀ိ-ဋ္ဌ-၃-၃၅၆ )။
သားကောင်တို့၏ ပေါင်းသင်းနေထိုင်ခြင်းဟူသည် တကောင်၏ချမ်းသာဆင်းရဲကို အခြားတကောင်အား ပြောဆိုရိုးမရှိချေ။ ထို့အတူ စကားလုံးဝမပြောပဲ နေထိုင်သူတို့မှာလည်း တဦး၏ချမ်းသာဆင်းရဲကို အခြားတဦးအား မပြောဆိုပဲ နေထိုင်လတ်သော်
“သားကောင် တိရစ္ဆာန်တို့၏ ပေါင်းသင်းနေထိုင်ခြင်းနှင့် မခြားတော့ချေ”ဟု ဆိုလိုသည်။
၂. စကားမပြောပဲ နေရုံမျှကို“မူဂပဗ္ဗတ-သူအတို့၏ အကျင့်”ဟု မိန့်တော်မူလိုရင်း မဟုတ်ပါ၊
“လုံးဝ စကား မပြောကြစတမ်း”ဟု ကတိက၀တ်ပြု၍ နေခြင်းကိုသာ “မူဂပဗ္ဗတ-အကျင့်”ဟု မိန့်တော်မူလိုပါသည်၊ ထိုအကျင့်မျိုးသည်သာ တိတ္တိတို့ ဆောက်တည်အပ်သောအကျင့်ဖြစ်သည်။
(၀ိ-ဋ္ဌ-၃-၃၅၆)။
၃. ၀ိနည်းမဟာဝါ ပ၀ါရဏာက္ခန္ဓက ( ၀ိ-၃-၂၂၀၊ ၂၂၃ )။
၎. မူလပဏ္ဏာသ ပါဠိတော် ( ၂၁၇ ) နှင့် ဥဒါန်းပါဠိတော် ( ၈၉ ) တို့၌ ကြည့်ပါ။
No comments:
Post a Comment