(
ယခုလက်ရှိ၊ အမရပူရ၊ မဟာဂန္ဓာရုံ၊ မဟာနာယကချုပ်ဆရာတော် ၏
သက်တော်
ရှစ်ဆယ်ပြည့် မွေးနေ့အကြို ဂုဏ်ပြုပူဇော်ပါသည်၊)
သမိဒိ္ဓသုတ်
အရှင်သမိဒ်္ဓိနှင့်
နတ်သမီး
အခါတစ်ပါး၌ ဗုဒ္ဓမြတ်စွာသည်
ရာဇဂြိုဟ်မြို့ဝယ် တပေါဒါရုံကျောင်းတိုက်၌ သီတင်းသုံးတော်မူ၏။ ထိုအခါ အရှင်သမိဒိ္ဓသည်
နံနက် စောစောအချိန်ဝယ်
အိပ်ရာမှထ၍ ရေချိုးခြင်းငှာ တပေါဒါမြစ်သို့ ကြွတော်မူ၏။ တပေါဒါမြစ်၌ ရေသုံးသပ်တော်မူပြီးနောက်
သင်းပိုင်ကိုသာဝတ်လျက် (ဧကသီ မရန်းသေးပဲ လက်မှကိုင်ကာ) ကိုယ်ပေါ်မှ ရေများခြောက်သွားစေရန်
ခေတ်္တရပ်နေတော်မူ၏။ ထိုအခါ ဘုမ်္မစိုးနတ်သမီးတစ်ယောက်သည် ပစိ္ဆမယာမ်လွန်ပြီးသော နံနက်စောစော၌
သူ့ကိုယ် ရောင်၊ ၀တ်စားတန်ဆာရောင်တို့ဖြင့် တပေါဒါရုံကျောင်းတိုက်ကို ထွန်းလင်းစေလျက် အရှင် သမိဒိ္ဓထံသို့ ချဉ်းကပ်ပြီးလျှင် ကောင်းကင်မှနေ၍
ဂါထာဖြင့် ဤသို့ စကားဆို၏။
နတ်သမီး။
။ အဘုတွာ ဘိက္ခသိ ဘိက္ခု၊ န ဟိ ဘုတွာန ဘိက္ခသိ။
ဘုတွာန ဘိက္ခု ဘိက္ခဿု၊ မာ တံ ကာလော ဥပစ္စဂါ။
အိုရဟန်း...သင်သည်
လောကီအာရုံ ကာမဂုဏ်ကို မခံစားရသေးပဲ ဆွမ်းခံရသောရဟန်း အကျင့်ကို ကျင့်ဘိ၏။ လောကီအာရုံကာမဂုဏ်ကို
မခံစားရသေးပဲ ဆွမ်းခံရသောရဟန်းအကျင့် ကို မကျင့်လေနှင့်ဦး။ အိုရဟန်း...လောကီအာရုံကာမဂုဏ်ကို
ခံစားပြီးမှဆွမ်းခံရသောရဟန်းအကျင့် ကို ကျင့်ပါလေလော့။ လောကီအာရုံ ကာမဂုဏ်ကို ခံစားဖို့ရန်အချိန်အခါသည်
ပျိုမြစ်နုနယ် ငယ်ရွယ်သေးသောသင့်ကို ကျော်လွန်၍မသွားပါစေနှင့်။
အရှင်သမိဒိ္ဓ။
။ ကာလံ ဝေါဟံ န ဇာနာမိ၊ ဆန္နော ကာလော န ဒိဿတိ။
တသ်္မာ အဘုတွာ ဘိက္ခာမိ၊ မာ မံ ကာလော ဥပစ္စဂါ။
(အိုနတ်သမီး) ငါသည် သေရမည့်အချိန်အခါကို (ဘယ်အချိန်သေရမည်ဟု)
အတိအကျ မသိပါ။ သေရမည့်အချိန်အခါသည် ဖုံးကွယ်အပ်သည်ဖြစ်၍ မပေါ်ထင်ပါ။ ထို့ကြောင့် လောကီ
အာရုံ ကာမဂုဏ်ကို မခံစားတော့ပဲ ဆွမ်းခံရသော ရဟန်းအကျင့်ကို (အသေမဦးမီ) ကျင့်ပေ၏။ ငါ့ကို
ရဟန်းတရားကျင့်ဖို့ရန် အချိန်အခါကောင်းသည် ကျော်လွန်၍မသွားပါစေနှင့်။
(အရှင်သမိဒိ္ဓ၏ ပထမဆုံးအဖြေဂါထာ၌
“ကာလံ န ဇာနာမိ=သေရမည့်အချိန်ကိုမသိ”ဟု
ပါ၏။ မှန်၏။ သတ္တ၀ါတိုင်းမသိသော အချက်ငါးချက်ရှိသည်။ ၎င်းင်းတို့မှာ-
၁။ ဇီဝိတ =အသက်။ (မည့်သည့် အသက်အရွယ်၌ သေရမည်ကိုမသိခြင်း။)
၂။ ဗျာဓိ =အနာရောဂါ။ (မည်သည့် အနာရောဂါဖြင့်
သေရမည်ကို မသိခြင်း။)
၃။ ကာလ =အချိန်။ (နံနက်,နေ့လည်, ညဥ့် မည်သည့်အချိန်
သေရမည်ကို မသိခြင်း။)
၎။ ဒေဟနိက္ခေပန
=အလောင်းကျရာဌာန။ (ရွာထဲ, မြို့ထဲ, တောထဲ, တောင်ပေါ်, တောင်အောက်,ချောက် ကမ်းပါး, မြစ်,
သမုဒ်္ဒရာ မည်သည့်နေရာ၌ အလောင်းပစ်ချခံရမည်ကို မသိခြင်း၊
၅။ ဂတိ =ရောက်ရမည့်ဘ၀။
(လူ့ဘ၀, နတ်ဘ၀, တိရစ်္ဆာန်ဘ၀ စသည်တွင် မည်သည့်ဘ၀ ရောက်ရမည်ကို မသိခြင်းများတည်း။)
(ဆောင်)။ ။
အသက်+အနာ၊ ချိန်အခါ- စွန့်ရာ လားဂတိ။
ရေတွက်ပိုင်းခြား၊ ဤငါးပါး၊ အများလူမသိ။)
လက်တွေ့ကိုပယ်၍ မျက်ကွယ်ကိုမမျှော်ပါနှင့်
ထိုအခါ ဘုမ္မစိုးနတ်သမီးသည်
(ကောင်းကင်မှသက်ဆင်းလျက်) မြေပေါ်၌တည်ကာ အရှင်သမိဒိ္ဓကို ဤသို့ပြောဆိုပြန်၏။
“အိုရဟန်း...သင်သည် ငယ်ပါသေးလျက် ရဟန်းပြုခဲ့သူ တည်း။ သင်သည်နုပျိုပါသေး၏။ ပိတုံးအရောင်
နက်မှောင်သောဆံလည်းရှိသူဖြစ်၏။ ပထမ အရွယ်ဟုဆိုအပ်သော အရွယ်ကောင်းနှင့်လည်းပြည့်စုံသူဖြစ်၏။ အိုရဟန်း
သင်သည် လောကီ အာရုံ ကာမဂုဏ်တို့၌ မမြူးပျော်မခံစားရသေးဖူးပါ။ လူ့ကာမဂုဏ်အာရုံတို့ကို
ခံစားပါဦး။ မျက် မှောက်ထင်ရှား ခံစားရသော လူ့ကာမဂုဏ်ချမ်းသာကိုပယ်စွန့်၍ မျက်ကွယ်ဖြစ်သော
မရောက် လာသေးမမြင်ရသေးသည့် နတ်ပြည်အာရုံ အကြွေးကာမဂုဏ်ဆီသို့ မျှော်တွေး၍ မပြေးသွား
မကျင့်ကြံပါနှင့်။
ဒုက္ခတွေစုံ
ကာမဂုဏ်
(ထိုအခါအရှင်သမိဒိ္ဓကအောက်ပါအတိုင်း ပြောဟော၏) အိုနတ်သမီး
ငါသည် မျက်မှောက်ထင်ရှားခံစားရသော လူ့ကာမဂုဏ်ကို အာသာဆန္ဒ မျှော်တွေးတောင့် တနေသည်မဟုတ်ပါ။
မမြင်ရသေးသော နတ်ပြည်အာရုံကာမဂုဏ်ကိုပင် ပယ်စွန့်၍ ယခုချက် ချင်း လက်ငင်းရမည့် လောကုတ္တရာတရားဆီသို့သာ
ကျင့်ကြံအားထုတ်လျက် ပြေးသွားနေပါ၏။ အိုနတ်သမီး...မှန်လှပေ၏။ အလိုရှိအပ်သည့်ခဏ၌ ချက်ချင်းအကျိုးရသည်
မဟုတ်ပဲ ပြုပြင် စီရင်ပြီးနောက်ကာလကြာမှ အကျိုးရောက်သဖြင့် “ကာလိက” ဟု ဆိုအပ်ကုန်သော လူနတ် တို့အာရုံ ကာမဂုဏ်ဟူသမျှတို့သည်
များသောဆင်းရဲငြိုငြင်ပင်ပန်းမှုရှိကုန်၏။
ဤကာမဂုဏ်တို့၌
အပြစ်သည်များလှ၏။ ဤလောကုတ္တရာတရားသည်ကား တပ်အပ်ထင်ထင် ကိုယ်တိုင်သိမြင်ထိုက်၏။ စိတ်ကလေးတစ်ခုမျှမခြား
ချက်ချင်းလက်ငင်းအကျိုးပေး၏။ လိုက်ခဲ့ စမ်းပါ၊ ရှုလှည့်စမ်းပါ(ကျင့်ကြည့်စမ်းပါ)ဟု ရဲဝံ့စွာဖိတ်ခေါ်
ပြထိုက်၏။ ကိုယ်တွင်ကပ်စွဲ အမြဲတ စေဆောင်ထားထိုက်၏။ ပညာရှိအပေါင်း အရိယာသူတော်ကောင်းတို့သာ
ကိုယ်စီကိုယ်င သိ ထိုက်ခံစားထိုက်၏။ ဤသို့ငါတို့ဆရာဘုရားရှင်က ကရုဏာရှေ့ထား ဟောကြားအပ်ပါကုန်ပြီ။
နတ်သမီးအမေး
အိုရဟန်း...ချက်ချင်းမရ အကြောင်းစုံမှရသည့်
လူနတ်အာရုံကာမဂုဏ် တို့ကို များသောဆင်းရဲခြင်း၊ များသောငြိုငြင်ပင်ပန်းခြင်းရှိကုန်၏ဟု(သင်တို့ဆရာစောသတ္ထာက)
ဘယ်နည်းဘယ်ပုံဟောထားအပ်ပါကုန်သနည်း။ ဤငါးဖြာအာရုံကာမဂုဏ်တို့၌
အဘယ်သို့ အပြစ်များပါသနည်း။ ဤလောကုတ်္တရာတရားကိုလည်း အဘယ်သို့တပ်အပ်ထင်ထင် ကိုယ် တိုင်သိမြင်ထိုက်ပါသနည်း။
ချက်ချင်းလက်ငင်းအကျိုးရပုံသည်လည်း အဘယ်သို့ပါနည်း။ လာပါ,လိုက်ခဲ့ပါ,ရှုလှည့်စမ်းပါ-ဟု
ရဲရဲဝံ့ဝံ့ဖိတ်ခေါ်ပြထိုက်သည်မှာလည်း အဘယ့်ကြောင့်ပါ နည်း။ အဘယ့်ကြောင့် ကိုယ်တွင်ကပ်စွဲ အမြဲဆောင်ထားထိုက်ပါသနည်း။ ပညာရှိအပေါင်း
အရိယာသူတော်ကောင်းတို့သာ သိထိုက်ခံစားထိုက်သည်ဆိုသည်မှာလည်း အဘယ့်ကြောင့် ပါနည်း။ ဤသို့
နတ်သမီးက မေးလေသည်။
ငါငယ်သေးတယ်နတ်သမီး
အိုနတ်သမီး-ငါသည်ရဟန်းပြုသစ်စသာဖြစ်ပါ၏။ မကြာမီကမှ သာသနာတော်သို့ဝင်ရောက်လာသူဖြစ်ပါသည်။
(ထို့ကြောင့်) ငါသည်သင့်အား အကျယ်တ၀င့် ရှင်းလင်းဖြေဆိုခြင်းငှါမစွမ်းနိုင်ပါ။ ပူဇော်အထူးကိုခံတော်မူထိုက်၍
အလုံးစုံ သော တရားတို့ကို ကိုယ်တော်တိုင်သာ
မချွတ်မလွဲသိမြင်တော်မူပြီးသော ဘုရားရှင်သည် ဤရာဇဂြိုဟ်မြို့ တပေါဒါရုံကျောင်းတိုက်မှာပင်
သီတင်းသုံးတော်မူပါသည်။ ထိုဘုရားရှင် ထံသွား၍ မေးလျှောက်ပါချေ။ ဘုရားရှင်ဖြေဆိုသည့်အတိုင်းပင် (ထိုတရားတော်ကို)
မှတ်သား ဆောင်ရွက်ပါလေ-ဟု အရှင်သမိဒိ္ဓကပြန်ပြော၏။
တန်ခိုးနုနတ်
ဗုဒ္ဓထံမကပ်နိုင်
အိုရဟန်း အသင်ရဟန်းညွှန်ပြအပ်သော
ထိုဘုရားရှင်ထံသို့ အကျွန်ုပ်တို့လိုနတ်များ ချဉ်းကပ်ဖို့မလွယ်ကူပါ။ အကျွန်ုပ်တို့မှတစ်ပါး
တန်ခိုးကြီးမား အခြံအရံ များလှသောနတ်မင်းကြီးတို့သည် အမြဲမပြတ် ထိုဘုရားရှင်ကို ၀န်းရံနေအပ်ပါသည်။
အကယ်၍ အရှင်ဘုရားသည် ဘုရားရှင်ထံ ဤပြဿနာကိုမေးလျှောက်ပေးနိုင်မည်ဆိုလျှင် တပည့်တော်မ
များလည်း တရားနာရန်လာလိုကြပါကုန်၏-ဟု နတ်သမီးကပြန်၍လျှောက်၏။
အရှင်သမိဒ်္ဓိ၊
နတ်ရှိ-မရှိ တပ်အပ်မသိ
ထိုအခါ အရှင်သမိဒိ္ဓသည်“ကောင်းပြီ”ဟု
ဝန်ခံ၍ ဘုရားရှင်ထံသို့ သွားပြီးလျှင် အစမှစ၍
ထိုနတ်သမီးတရားနာရန် ဘုရားရှင်ထံလာမည်ဆိုသည်အထိ သူနှင့်နတ်သမီးတို့ပြောပုံဆိုပုံ စကားအလုံးစုံကို
ဘုရားရှင်အားလျှောက်၏။ ထို့နောက်ဆက်လက်၍
... “အရှင်မြတ်ဘုရား အကယ်၍ ထိုနတ်သမီး၏ “တရားနာရန် တပည့်တော်မများလည်း လာပါမည်” ဟူသော စကား သာ မှန်ကန်ခဲ့ပါလျှင် ယခုအခါထိုနတ်သမီးသည်
ဤအနီးအပါးမှာ ရောက်နေရာပါ၏”ဟု လျှောက်၏။
နတ်သမီးအသံပြုခြင်း
အရှင်သမိဒိ္ဓသည် ဘုရားရှင်အား
ထိုသို့လျှောက်နေစဉ် ဘုမ္မစိုး နတ်သမီးသည် “အိုရဟန်း ပြဿနာမေးမည်ကို မေးတော်မူပါ။ ပြဿနာမေးစရာရှိသည်ကို
မေးလျှောက်တော်မူပါ။ တပည့်တော်မ ဤအရပ်သို့ရောက်လာပါပြီ”ဟု အသံးပေးကာ လျှောက်၏။
နတ်သမီးအား
ဘုရားရှင်၏မေးခွန်း
ထိုအခါ ဘုရားရှင်သည် ထိုနတ်သမီးအား ဂါထာများဖြင့် အောက်ပါ တရားကို ဟောတော်မူ၏။
အက္ခေယျသညိနော
သတ္တာ၊ အက္ခေယျသ်္မိံ ပတိဋ္ဌိတာ။
အက္ခေယျံ
အပရိညာယ၊ ယောဂမာယနိ္တ မစ္စုနော။
များပြားလှစွာ
သတ္တ၀ါတို့သည် ခန္ဓာငါးပါးရုပ်နာမ်တရားတို့၌ ယောက်ျား မိန်းမစသောအားဖြင့် မှတ်ထင်ခြင်းရှိကြကုန်၏။
ခန္ဓာငါးပါး ရုပ်နာမ်တရားအပေါင်း၌ ရာဂစသား ရှစ်ပါးသော အခြင်း အရာတို့ဖြင့်လည်း စွဲမှီတည်ရှိနေကြကုန်၏။
ခန္ဓာငါးပါး ရုပ်နာမ်တရားကို သုံးပါးသောပရိညာ တို့ဖြင့် ပိုင်းခြား၍မသိခြင်းကြောင့်
သေမင်း၏အလိုသို့ လိုက်ပါနေကြရကုန်၏။
အက္ခေယျဉ္စ
ပရိညာယ၊ အက္ခာတာရံ န မညတိ။
တံ
ဟိ တဿ န ဟောတီတိ၊ ယေန နံ ၀ဇ္ဇာ န တဿ အတိ္ထ။
ရဟန္တာပုဂိ္ဂုလ်သည်
ခန္ဓာငါးပါးရုပ်နာမ်တရားကို သုံးပါးသောပရိညာဖြင့် ပိုင်းခြားကာ သိပြီး၍ “တိဿ-ဒတ္တ”စသည်အားဖြင့်ပြောပြစရာပုဂိ္ဂုလ်သတ်္တ၀ါကို မသိမမြင်မမှတ်ထင်တော့။
ထိုရဟန္တာပုဂိ္ဂုလ်၏သန္တာန်၌ ရတ္တဒုဋ္ဌ စသည်သောင်းပြောင်း ပြစ်တင်ပြောဆိုကြောင်း ကိလေသာ
အပေါင်းလည်းမရှိတော့။ အိုနတ်သမီး ထိုဟောတော်မူအပ်ခဲ့သည့် သဘောရှိသည့် ရဟန္တာပုဂိ္ဂုလ်မျိုးကို
သိမြင်ဖူးလျှင် သိမြင်ဖူးကြောင်း, မသိမြင်ဖူးလျှင် မသိမြင်ဖူးကြောင်း လျှောက်စမ်းပါလော။
(အက္ခေယျဉ္စ ပရိညာယ=ရဟန္တာပုဂိ္ဂုလ်သည် ခန္ဓာငါးပါးရုပ်နာမ်တရား၌
သုံးပါးသော ပရိညာ ဖြင့် ပိုင်းခြားကာသိ၍”ဟူရာ၌ ပရိညာသုံးပါးကား-
၁။ ဉာတပရိညာ=ဤရုပ်အပေါင်းကား ရူပက္ခန္ဓာ။ ဝေဒနာကား
ဝေဒနာက္ခန္ဓာ။ သညာကားသညာက္ခန္ဓာ။ ကျန်စေတသိက် ၅၀-ကား သင်္ခါရက္ခန္ဓာ။ စိတ်သည် ၀ိညာဏက္ခန္ဓာတည်း။
ဤသည်တို့ကား ထိုခန္ဓာငါးပါးတို့၏ လက္ခဏ ရသ ပစ္စုပဋ္ဌာန်
ပဒဋ္ဌာန်တို့တည်းဟု-ပိုင်းခြား၍သိခြင်း။
၂။ တီရဏပရိညာ=ခန္ဓာငါးပါးတို့ကို အနိစ္စစသည်အားဖြင့်လည်းကောင်း၊
အနာရောဂါ စသည်အားဖြင့်လည်းကောင်း ရှုပွားလွန်မြောက်၍သိခြင်း။
၃။ ပဟာနပရိညာ= ဤသို့ပွားများ၍ ခန္ဓာငါးပါးတို့အပေါ်၌ တပ်မက်တွယ်တာ တတ်သော ဆန္ဒရာဂကို အရဟတ္တမဂ်ဖြင့် အပြီးသတ်ပယ်၍သိခြင်း။)
နတ်သမီး။ ။ရှင်တော်မြတ်ဘုရား
တပည့်တော်မသည် အကျဉ်းအားဖြင့် ရှင်တော်မြတ်ဘုရား ဟောကြားတော်မူအပ်သော ဤစကားရပ်၏အနက်အဓိပ်္ပာယ်ကို
အကျယ်အားဖြင့် မသိပါ။ တပည့်တော်မများ သိနိုင်လောက်အောင် အကျယ်တ၀င့် ရှင်းလင်းဟောကြားတော်မူပါရန်
တောင်းပန်လျှောက်ထားဝံ့ပါသည် အရှင်ဘုရား။
ဘုရားရှင်
သမော
ဝိသေသီ ဥဒ ၀ါ နိဟီနော၊
ယော
မညတီ သော ၀ိဝဒေထ တေန။
တီသု
ဝိဓာသု အ၀ိကမ္ပမာနော၊
သမော
ဝိသေသီတိ န တဿ ဟောတိ။
အကြင်ပုဂိ္ဂုလ်သည်
“ငါသည် သူတို့နှင့်တန်းတူသူတည်း။ သို့မဟုတ် ထူးကဲသာလွန်သူ တည်း။ သို့မဟုတ် နိမ့်ကျသူတည်း”ဤသို့ မာနဖြင့် မှတ်ထင်တိုင်းတာနေ၏။ ထိုပုဂိ္ဂုလ်သည် ထိုမှတ်ထင်တိုင်းတာတတ်သော
မာနကြောင့် (ရာထူးဂုဏ်သိန် စည်းစိမ်စသည်တို့ဖြင့်)
တစ်ပါးပုဂိ္ဂုလ်တို့နှင့်ငြင်းခုံရာ၏။ (ရဟန္တာပုဂိ္ဂုလ်သည်ကား)
ဟီန,သဒိသ,သေယျ-ဟူသော သုံးပါးသောမာနကြောင့် မတုန်လှုပ်တော့။ ထိုရဟန္တာပုဂိ္ဂုလ်၏သန္တာန်၌
“တူသူ, ထူးကဲသာလွန် သူ, နိမ့်ကျသူဟု”မှတ်ထင်မှုမရှိတော့။
အိုနတ်သမီး...ဤဟောအပ်ခဲ့သော ရဟန္တာပုဂိ္ဂုလ်ကို သိမြင်ဖူးလျှင် သိမြင်ဖူးကြောင်း လျှောက်စမ်းလော။
နတ်သမီး
မသိသေး
ရှင်တော်မြတ်ဘုရား ဤယခု နောက်ထပ်မဟောတော်မူအပ်သော
တရားအကျဉ်းချုပ်၏ အနက်အဓိပ်္ပာယ် အကျယ်ကိုလည်း တပည့်တော်မများ မသိသေးပါ။တပည့်တော်မများ
သိနိုင်လောက်အောင် ထပ်၍တစ်ဖန် အကျယ်ရှင်းလင်းဟောပြတော်မူပါရန် တောင်း ပန်လျှောက်ထားဝံ့ပါသည်အရှင်ဘုရား။
ဘုရားရှင်
ပဟာသိ
သင်္ခံ န ၀ိမာနမဇ္ဈဂါ၊
အစ္ဆေစိ္ဆ
တဏှံ ဣဓ နာမရူပေ။
တံ
ဆိန္နဂနံ်္ထ အနိဃံ နိရာသံ၊
ပရိယေသမာနာ
နာဇ္ဈဂမုံ။
ဒေ၀ါ
မနုဿာ ဣဓ ၀ါ ဟုရံ ၀ါ၊
သဂေ်္ဂသု
ဝါ သဗ်္ဗနိဝေသနေသု။
(ရဟန္တာပုဂိ္ဂုလ်သည်)“တပ်မက်သူ,
ပြစ်မှားသူ, တွေဝေသူ”စသောအခေါ်အဝေါ်ခံရမှုကို
ပယ်စွန့်ပြီ။ ၉-ပါးအပြား မာန်မာနတရားသို့လည်း မကပ်ရောက်တော့။ ဤရုပ်နာမ် ၂-ဖြာ အပေါ်
၌ တွယ်တာမှု တဏှာဓာတ်ကိုလည်း အမြစ်ပြတ်ပယ်သတ်လေပြီ။
ထုံးနှောင်ဖွဲ့ချည် လေးလီသော ဂန္ထတရားကိုလည်း ဖြတ်ပြီးဖြစ်၍ ဆင်းရဲဒုက္ခမရှိ။ အာသာတောင့်တမှု
မရှိတော့ သော ထိုရဟန္တာပုဂိ္ဂုလ်ကို (ပရိနိဗ္ဗာန်စံပြီးသည်မှနောက်၌) တန်ခိုးကြီးမား နတ်ဗြဟ်္မာများနှင့် လူသားတို့သည်
လူတို့နေထိုင်ရာမြို့ရွာဌာန ဤလောက၌ဖြစ်စေ၊
နဂါးဂဠုန်ဖုံဖုံနေကြ
ဟိုအောက်လောက၌ဖြစ်စေ၊ နတ်မြို့ခြောက်လီ ဗြဟ်္မာ့ပြည်တို့၌ဖြစ်စေ
နေရာအားလုံး သိမ်း ကျုံးရှာဖွေကြပါသော်လည်း မတွေ့နိုင်တော့ချေ။ အို-နတ်သမီး... ဤဟောအပ်ခဲ့သော
သဘော ရှိသည့် ရဟန္တာပုဂိ္ဂုလ်ကို သိမြင်ဖူးလျှင် လျှောက်တင်စမ်းလော။
(န ၀ိမာနမဇ္ဈဂါ ။ ။
၉-ပါးသောမာနကို “၀ိမာန”ဟုခေါ်၏။ ချဲ့ဦးအံ့...လောက၌
ပုဂိ္ဂုလ်သည် အောက်တန်း, အလတ် တန်း, အထက်တန်းစားဟုသုံးမျိုးရှိ၏။ ထိုတွင်တစ်မျိုးတစ်မျိုး၌
ဟီနမာန်, သဒိသမာန်, သေယျမာန် ၃-မျိုးဖြစ်နိုင်၏။ “သူတို့အောက် ငါကရောက်နေကော ဘာဖြစ်ရမှာလဲ။
ကိုယ့်ရှိမှ ကိုယ်စားရတာပဲ”စသည်ဖြင့် ဖြစ်ပုံမှာ
ဟီနမာန် တည်း။“သူနဲ့ငါ ဘာထူးသေး
သလဲ”စသည်ဖြင့်ဖြစ်ပုံမှာ သဒိသမာန်တည်း။ “ငါက ဒင်းတို့ထက် သာလွန်ထူးကဲသည်” စသည်ဖြင့်ဖြစ်ပုံမှာ သေယျမာန်တည်း။ ပုဂိ္ဂုလ် ၃-မျိုးကို
ဤမာန် ၃-မျိုးဖြင့်မြှောက်က ၉-ဖြစ်၏။)
နတ်သမီး
ရှင်တော်မြတ်ဘုရား တပည့်တော်မသည်
ယခု ရှင်တော်မြတ်ဘုရား ဟော ကြားတော်မူအပ်သော တရားတော်၏ အကျယ်အဓိပ္ပာယ်ကို ဤသို့ (အောက်၌
လျှောက်အပ် လတံ်္တ့သည့်အတိုင်း) နားလည်ပါ၏။
ပါပံ
န ကယိရာ ၀စသာ မနသာ၊
ကာယေန
ဝါ ကိဉ္စန သဗ္ဗလောကေ။
ကာမေ
ပဟာယ သတိမာ သမ္ပဇာနော၊
ဒုကံ္ခ
န သေဝေထ အနတ္ထသံဟိတံ။
မည်သည့်နေရာ,
မည်သည့်အချိန်, မည်သည့်ပုဂိ္ဂုလ်သတ္တ၀ါ၌ဖြစ်စေ
ကိုယ်အလုပ်, နှုတ်-
အပြော, မနောအကြံဖြင့်
မကောင်းမှုမှန်က အနည်းငယ်မျှကိုပင် မပြုလုပ်, မပြောဆို, မကြံမိ စေရာ။ အမြဲမပြတ် သတိချပ်လျက်
ပညာအဆင်အခြင် သမ္ပဇဉ်နှင့် ပြည့်စုံရာ၏။ ငါးဖြာအာရုံ ကာမဂုဏ်တို့ကို ပယ်စွန့်ပြီးလျှင်
အကျိုးစီးပွားနှင့်မစပ်ယှဉ်သော ဆင်းရဲကြောင်းတရားကို မမှီဝဲရာ။ ဤသို့နားလည်ပါသည်ဘုရား။ ထိုသို့ လျှောက်ပြီးနောက်
နတ်သမီးသည် မိမိရပ်ဌာန် ပြန်လေသတည်း။
သမိဒိ္ဓသုတ်ပြီး၏။
(
အရှင်ကုဏ္ဍလာဘိဝံသ၊ သဂါထာဝ္ဂသံယုတ် မြန်မာဘာသာဋီကာ
မှ )
No comments:
Post a Comment