(
ယခုလက်ရှိ၊ အမရပူရ၊ မဟာဂန္ဓာရုံ၊ မဟာနာယကချုပ်ဆရာတော် ၏
သက်တော်
ရှစ်ဆယ်ပြည့် မွေးနေ့အကြို ဂုဏ်ပြုပူဇော်ပါသည်၊)
၁-ကသိဘာရဒွါဇသုတ်
မဂဓတိုင်း၊
ဒက်္ခိဏာဂိရိဇနပုဒ်နယ်၊ ရွာအနီးမှလယ်တောမှာ ဧကနာဠပုဏ္ဏား အား ရဟန်းဘ၀နှင့် လယ်သမားဘဝ
နှိုင်းယှဉ်၍ဟောပြောပုံ ။
လယ်တောသို့ဆွမ်းခံကြွ
ဗုဒ္ဓမြတ်စွာသည် အခါတစ်ပါး၌
မဂဓတိုင်း ဒက်္ခိဏာဂိရိ ဇနပုဒ်နယ်ပယ်အပါအ၀င် ဧကနာဠမည်သော ပုဏ္ဏားရွာ၌ သီတင်းသုံးနေတော်မူ၏။
ထိုစဉ် တစ်နေ့သ၌ ကသိဘာရဒွါဇပုဏ္ဏား (ဘာရဒွါဇအနွယ်ရှိ လယ်သမားပုဏ္ဏား)သည် သူ၏ လုပ်သားများနှင့်အတူ
ပျိုးကြဲမည့်နေ့၌ ထွန်ပေါင်းငါးရာဖြင့် ထွန်ရေးငင်ရန် ပြင်ဆင်ထား၏။ ထို့နောက် လယ်ယာလုပ်သားတို့အား
နို့ဃနာစသော စားသောက်ဖွယ်တို့ကို ကျွေးမွေးနေ၏။ ထိုအချိန်၌ ဘုရားရှင်သည် ထိုပုဏ္ဏား၏
ကျွေးမွေးရာဌာနအနီးသို့ ကြွလာတော်မူကာ ဆွမ်းရပ် တော်မူ၏။ ထိုအခါ....
ပုဏ္ဏား
။ ။ အို-ရဟန်း.... ကျွန်ုပ်သည် လယ်ကိုထွန်ယက်စိုက်ပျိုး၍
ကိုယ့်အစာကိုယ်ရှာ စားသောက်ပါ၏။ အသင်လည်း ကျွန်ုပ်ကဲ့သို့ ကိုယ့်အားကိုယ်ကိုး ထွန်ယက်စိုက်ပျိုး၍
စား သောက်ပါလော။
(ကိုယ့်အားကိုယ်ကိုးပါလား
)
(ဘုရားရှင် ဆွမ်းခံကြွလာတော်မူချိန်၌ ပုဏ္ဏားသည် သူ၏လယ်ယာ
လုပ်သားများစွာတို့ဖြင့် လယ်ထွန်မင်္ဂလာအခမ်းအနား ခေတ္တရပ်နား၍ ကျွေးမွေးဖွယ်များဖြင့်
ဧည့်ခံစားသောက် နေချိန်ဖြစ်၏။ ထိုအချိန်ဝယ် ကြွလာတော်မူသော ဘုရားရှင်၏ ရောင်ခြည်တော်
၆-သွယ်တို့ကြောင့် လယ်ကွင်းပြင် တစ်ခုလုံးရှိ ထွန်ယက်ထားအပ်သောမြေစိုင်ခဲတို့သည်လည်း ရွှေရောင်အဆင်း ၀ါဝင်းလက်လက် အရောင်ဖြာ၍ ထွက်နေကုန်၏။
ထိုသို့ ထူးဆန်းအံ့သြဖွယ် ကြည်ညိုဖွယ်တို့ကို မြင်ကြရသော လယ်ယာလုပ်သားအားလုံးသည် စားလက်စ
အစားအစာတို့ကို ရပ်တန့်၍ လက်ကိုဆေးကြောကာ ဘုရားရှင်ရှိတော်မူရာသို့ အားလုံးစုရုံးရောက်
လာကြပြီးလျှင် ဘုရားရှင်အား လက်အုပ်ချီကာ ဖူးမြော်နေကြ၏။ ထိုအခါ လယ်ရှင်ပုဏ္ဏားသည်
“သူ၏လယ်ယာ လုပ်ငန်းကိစ္စကို အနှောင့်အယှက်ပြုသည်”ဟု
ဘုရားရှင်အပေါ်၌ စိတ်ဆိုးအမျက်ထွက်၍ နှိပ်စက်လွှမ်းမိုး စကားမျိုး ဖြင့် ပြောဆိုလိုသောကြောင့်
“ကျွန်ုပ်ကဲ့သို့ ကိုယ့်အားကိုယ်ကိုး ထွန်ယက်စိုက်ပျိုး၍ စားသောက်ပါ လော”စသောစကားကို ပြောခြင်းဖြစ်သည်။)
ဘုရားရှင်
။ ။ အို-ပုဏ္ဏား .... ငါသည်လည်း ထွန်ယက်စိုက်ပျိုး၍
စားသောက်သူပင်ဖြစ်၏။
ပုဏ္ဏား
။ ။ ကျွန်ုပ်တို့သည် ရဟန်းဂေါတမ၏ ထွန်ယက်စိုက်ပျိုးခြင်းနှင့်စပ်ဆိုင်သော
အဆောက်အဦဖြစ်သည့် ထမ်းပိုး ထွန်တုံး ထွန်သွား နှင်တံနှင့် နွားလားစသည်တို့ကို မတွေ့
မမြင်မိပါကုန်။ “ငါသည်လည်း ထွန်ယက်စိုက်ပျိုး၍ စားသောက်သူဖြစ်၏”ဟု အဘယ့်ကြောင့် ပြောဆိုပါသနည်း။ အရှင်ဂေါတမ၏ ထွန်ယက်စိုက်ပျိုးပုံ
အလုံးစုံကို ကျွန်ုပ်တို့ သိလိုပါကုန်၏။ ဘယ်နည်းဘယ်ပုံ ထွန်ယက်စိုက်ပျိုးပါကုန်သနည်း။
ဘုရားရှင်
။
။ သဒ္ဓါဗီဇံ တပေါ ၀ုဋ္ဌိ ၊ ပညာ မေ ယုဂနင်္ဂလံ။
ဟိရီ
ဤသာ မနော ယောတ်္တံ ၊ သတိ မေ ဖာလပါစနံ။
ငါ၏ ယုံကြည်ချက်သဒ္ဓါတရားသည် မျိုးစေ့တည်း။
ဣနြေ္ဒ ၆-ပါး မပေါက်ကြားအောင် ထောက်ထားဂရု စောင့်စည်းမှုအကျင့်
(ဣန္ဒြိယသံဝရ)သည် မိုးရေမိုးပေါက်တည်း။
ဝိပဿနာ နှင့်မဂ် ၂-ချက်သောပညာသည် ထမ်းပိုးနှင့်ထွန်တုံးတည်း။
များဒုစရက် ပြုဖို့ချက်မှ ရှက်လန့် တတ်ငြား ဟိရီ သြတ္တပ္ပ
တရား၂-ပါးသည် ထွန်ကြိုးတည်း။
ဝိပဿနာနှင့်မဂ်
ဤ ၂-ချက်နှင့် ယှဉ်သောသတိသည် ထွန်သွားနှင့် နှင်တံတည်း။
ကာယဂုတ္တော
ဝစီဂုတ္တော ၊ အာဟာရေ ဥဒရေ ယတော။
သစ်္စံ
ကရောမိ နိဒ္ဒါနံ ၊ သောရစ္စံ မေ ပမောစနံ။
(ငါ၏လယ်ယာမှာ)
ကာယတစ်လီ ၀စီဒုစရိုက် တူးစိုက်ဆီးတား ၀င်းခြံလည်းခတ်ထားအပ်၏။
ပစ္စည်း ၄-ဖြာ ရှာမှီးရာ၌လည်းကောင်း ၊ ၀မ်းစာအရေး ဘုဉ်းပေးသုံးစွဲရာ၌လည်းကောင်း စင်ကြယ်သန့်ရှင်း
အပြစ်ကင်းအောင် စောင့်စည်းခြင်းဟူသော အကာအရံရှိ၏။ မှန်ကန်သော စကား ပြောဆိုခြင်းဟူသော
ဝစီသစ္စာအားဖြင့် အကုသိုလ်ပေါင်းမြက်တို့ကို
ရိတ်ဖြတ်နှုတ်ပယ်မှုကို ပြု၏။ သန်္တိသုခ နိဗ္ဗာနဓာတ်၌ ကိန်းဝပ်မွေ့လျော် ပျော်ပိုက်တော်မူခြင်းသည်
လယ်ယာလုပ်ငန်းမှ ဆုံးခန်းတိုင်ရောက် ငါ၏လွတ်မြောက်တော်မူခြင်းတည်း။
ဝီရိယံ
မေ ဓုရဓောရယှံ ၊ ယောဂက္ခေမာဓိဝါဟနံ။
ဂစ္ဆတိ
အနိဝတ္တန္တံ ၊ ယတ္ထ ဂန္တွာ န သောစတိ။
ငါ၏သန္တာန် မှန်မှန်ဖြစ်ပွား ၀ီရိယတရားသည် ၀န်ရုန်းသည့်နွားလားတည်း။ ထိုနွားလား
သည် ယောဂ ၄-တန် ကုန်ရာမှန်သည့် နိဗ္ဗာန်တိုင်အောင် ပို့ဆောင်တတ်၏။ ၀မ်းနည်းပူပင် အစဉ်ကင်းပြတ်
နိဗ္ဗုတိဓာတ်သို့ ပြန်လည်ဆုတ်နစ်ခြင်းမရှိဘဲ တသွားတည်းသွားတတ်၏။
ဧ၀မေသာ
ကသီ ကဋ္ဌာ ၊ သာ ဟောတိ အမတပ္ဖလာ။
ဧတံ
ကသိံ ကသိတွာန ၊ သဗ္ဗဒုက္ခာ ပမုစ္စတိ။
ပုဏ္ဏား
ဤဆိုအပ်ခဲ့သည့်အတိုင်းပင် ငါသည် လယ်ယာလုပ်ငန်းကို ကြိုးပမ်းမပျက် ထွန် ယက်အပ်ပြီ။ ထိုလယ်သည်
အမြိုက်နိဗ္ဗာန်ဟူသောအသီးကို သီး၏။ ဤလယ်ယာလုပ်ငန်း ကြောင့် ငါသည် အလုံးစုံသောဒုက္ခမှ
လွတ်မြောက်ရပေ၏။
ပုဏ္ဏား
။ ။
အရှင်ဂေါတမသည် အမြိုက်နိဗ္ဗာန်တည်းဟူသော အသီးကိုပင် သီးအောင် ထွန်ယက်နိုင်ပါပေ၏။
ထို့ကြောင့် အရှင်ဂေါတမသည် လယ်သမားအစစ် ဖြစ်ပါပေသည်။ ဤ ဘောဇဉ်တို့ကို ဘုဉ်းပေးသုံးဆောင်တော်မူပါ။
ဘုရားရှင်။
။ ဂါထာဘိဂီတံ မေ အဘောဇနေယျံ၊
သမ္ပဿတံ
ဗြာဟ္မဏ နေသ ဓမ္မော။
ဂါထာဘိဂီတံ
ပနုဒန်္တိ ဗုဒ္ဓါ၊
ဓမ္မေ
သတိ ဗြာဟ္မဏ ၀ုတ်္တိရေသာ။
အို-ပုဏ္ဏား....
ဂါထာဖြင့်သ်ီဆို၍ ရအပ်သောဆွမ်းကို
ငါဘုရားမသုံးဆောင်။ ကြောင်းကျိုး သိမြင် ပညာရှင်သူတော်ကောင်းတို့အတွက်
ဤသို့သုံးဆောင်ခြင်းသည် တရားသဘောသို့ မသက်ဝင်။ ဘုရားရှင်တို့သည် ဂါထာဖြင့်သီဆို၍ ရအပ်သောဆွမ်းကို
ပယ်ကုန်၏။ ပုဏ္ဏား.... ဤသည်လျှင် သူတော်ကောင်းတရား၌တည်ကုန်သော ဘုရားရှင်တို့၏ အသက်မွေးခြင်းတည်း။
အညေန
စ ကေ၀လိနံ မဟေသိံ၊
ခီဏာသ၀ံ
ကုက္ကုစ္စ၀ူပသန္တံ။
အန္နေန
ပါနေန ဥပဋ္ဌဟဿု၊
ခေတ္တံ
ဟိ တံ ပုညပေက္ခဿ ဟောတိ။
အို-ပုဏ္ဏား..... သီလက္ခန္ဓ စသည်အရပ်ရပ် မြင့်မြတ်သောတရားတို့ကို
ရှာမှီးလေ့ရှိသော၊ နောက်တစ်ဖန် ပူပန်မှုခပ်သိမ်း အေးငြိမ်းပြီးသော၊ ကိစ္စအလုံးစုံ ပြီးပြည့်စုံပြီးဖြစ်သော
ရဟန္တာ ပုဂ်္ဂိုလ်ကို ဂါထာတို့ဖြင့်သီဆို၍ ရအပ်သောဆွမ်းမှတစ်ပါး အခြားသောဆွမ်းဖြင့်လည်းကောင်း
အဖျော်ဖြင့်လည်းကောင်း ပြုစုလုပ်ကျွေးလော့။ ထိုရဟန္တာအရှင်မြတ်တို့၏ သီတင်းသုံးရာ သာသနာတော်သည်
မိမိ၏ကောင်းမှုအကျိုး ပွားတိုးခြင်းကို ရှုငဲ့သူအတွက် လယ်ယာမြေ ကောင်းပင် ဖြစ်ပေ၏။
“ဂါထာဖြင့်သီဆို၍
ရအပ်သောဘောဇဉ်ကို ဘုရားရှင်တို့ မသုံးဆောင်”စသည့်
၂-ဂါထာတို့ကို မိန့်တော်မူကာ ဘောဇဉ်တို့ကိုပယ်မြစ်၍ တရားဟောတော်မူ၏။
သရဏဂုံတည်
ပုဏ္ဏားသည် ဘုရားရှင်၏တရားတော်အဆုံး၌
ရတနာသုံးရပ် အသက် ပေး၍ ကြည်ညိုဆည်းကပ်သော ဥပါသကာအဖြစ်ကို ၀န်ခံလေသည်။ (သူ၏ဇနီးနှင့်သား
သမီး များလည်း သရဏဂုံတည်သည်၊ ပုဏ္ဏားကိုယ်တိုင်လည်း နောင်အခါရဟန်းပြု၍ အာသဝေါကင်း ကွာ
ရဟန္တာတစ်ပါးဖြစ်ကြောင်း အဋ္ဌကထာ၌လာ၏။
ကသိဘာရဒွါဇသုတ်ပြီး၏။
(
အရှင်ကုဏ္ဍလာဘိဝံသ၊ သဂါထာဝ္ဂသံယုတ် မြန်မာဘာသာဋီကာ
မှ )
No comments:
Post a Comment