လောကမှာ ပေးတဲ့သူ နဲ့ ယူတဲ့သူ နှစ်မျိုးပဲရှိတယ်လို့ သတ်မှတ်ရမယ်၊
တစ်ချို့ က ပေးတယ်၊ တစ်ချို့က ယူတယ်၊
တစ်ချို့က ပစ္စည်းဥစ္စာဗဟိဒ္ဓအရာများကို ပေးတယ်၊
တစ်ချို့က ပစ္စည်းဥစ္စာ ဗဟိဒ္ဓအရာဝတ္ထုများကို ယူကြတယ်၊
တစ်ချို့က မေတ္တာကို ပေးတယ်၊ တစ်ချို့က မေတ္တာကို ယူတယ်၊
တစ်ချို့က သနားကြင်နာမှုကို ပေးတယ်၊ တစ်ချို့က ကြင်နာယုယမှုကို
ယူတယ်၊
တစ်ချို့က ချစ်ခင်မြတ်နိုးမှုကို ပေးတယ်၊ တစ်ချို့က ချစ်ခင်မြတ်နိုးမှုကို
ယူတယ်၊
တစ်ချို့က လောကကောင်းကျိုးတွေကို ပေးတယ်၊ တစ်ချို့က လောကကြီးဆီက
ရသမျှ
ညှစ်ထုတ်ယူကြတယ်၊
ညှစ်ထုတ်ယူကြတယ်၊
တစ်ချို့ ------ ပေးတယ်၊ တစ်ချို့က ----- ယူတယ်၊
ပေးတယ်၊ ယူတယ်၊
စသည်ဖြင့်
အမျိုးစုံ ပေးပြိး ၊ အမျိုးစုံ ယူနေကြတဲ့သူတွေ ချည်းပါပဲ၊
ဒါကြောင့် ခြုံပြီးပြောရမယ်ဆိုရင် ပေးသူ ယူသူ နှစ်မျိုးပဲ
ရှိတယ်လို့ ထင်ပါတယ်၊
ပေးတဲ့သူဖြစ်ရင် ကောင်းပေမဲ့၊ ယူတဲ့သူဖြစ်နေရင် ယူထားတာတွေကို
ပြန်လည် ပြိး
အကြွေးဆပ်ရမယ်၊ ဒါထုံးစံပါပဲ၊
အကြွေးဆပ်ရမယ်၊ ဒါထုံးစံပါပဲ၊
ကိုယ်ကိုယ်တိုင်လဲ ပေးတဲ့သူဖြစ်လိုက်၊ ယူတဲ့သူဖြစ်လိုက်
၊
တကယ်တန်းတော့ ပေးတဲ့သူပဲ ဖြစ်ချင်ပါတယ်၊
ဒါပေမဲ့ အများအားဖြင့်တော့ ယူနေရတာ များတယ်လို့ ထင်ပါတယ်၊
အဲဒီလို အယူများနေတဲ့ဘ၀မှာ အကြွေးပိပြီး ကိုယ့်ရဲလိပ်ပြာလေး
မြင့်မြင့်ပျံနိုင်ပါ့မလား လို့လည်း စိုးရိမ်မိတယ်၊
ဒါကြောင့် ကိုယ့်လိပ်ပြာလေး အတောင်ဖြန့်ပြိး မြင့်မြင့်ပျံနိုင်ဖို့
အကြွေးကင်းကင်းနဲ့ ပေါ့ပေါ့ပါးပါးလေး ပျံတက်နိုင်ဖို့ ဒီလိပ်ပြာဆိုတဲ့ ကဗျာလေးကို
အကြွေးကင်းကင်းနဲ့ ပေါ့ပေါ့ပါးပါးလေး ပျံတက်နိုင်ဖို့ ဒီလိပ်ပြာဆိုတဲ့ ကဗျာလေးကို
ကိုယ့်ကိုယ်ကို သတိပေးတဲ့အနေနဲ့ နှလုံးသားထဲမှာ အမှတ်တရ
ရှိနေမိတယ်၊
လိပ်ပြာ
ပေးဖို့......အားမွေး
တွေးတောချင့်ချိန်..စိတ်မငြိမ်..။
ယူဖို့...စဉ်းစား
များများမကြာ.....
အရသာ..။
ပေးမှု...ယူမှု
သည်နှစ်ခုမှာ...၀န်တာမမျှ
သဘာဝကို...ကျနပိုင်းစစ်
သည်အဖြစ်၏..အရှိအမှန်...
တန်ဖိုးမွန်နှင့်....ကြွေး၏၀န်ကို
ဖန်ဖန်တွေးတော..စိတ်ဝယ်မောသည်
စိတ်ဇောလိပ်ပြာ...သံသရာမှာ
ဝါဂွမ်းလေးလိုပေါ့ချင်ပြီ...။
thethninswe (popa)
No comments:
Post a Comment