ကာလာမသုတ်
ကဗျာ
ကလေးဘ၀, စ၍မှလျှင်,
ကြားရဖန်ဖန်, ပရံ ပရ,
မိဘ ဘိုးဘွား, ဆက်ဆက်အားဖြင့်,
မှတ်သားခဲ့ဘိ, ပြုရိုးရှိ၏။
ဣတိ ကိရ, ကြားလူ ကပြော,
ကျမ်းသဘောနှင့်,
နှီးနှောညီပြန်။
အကြံသက်သက်, ကြံစည် ချက်တည်း,
တစ်နည်းမှန်းဆ,
နည်းလမ်းရယူ,
တစ်မူအကြောင်း,
ကြံ ကောင်းကြံရ,
ကိုယ့်ယူဆကို,
အားရနှစ်သက်,
ညီညွတ်ချက်ပါ၊
ရဟန်း မှာမူ,
ပြောရာမှန်ကန်,
ဖြစ်သင့်တန်၏။
တစ်ဖန် သူဟာ,
တို့ဆရာဟု,
ဆယ်ဖြာကြောင်းစု,
တစ်ခုခုကြောင့်,
ယူမှုတိမ်းစောင်း, မှားတတ် ကောင်းသည်,
အပေါင်း စဉ်းစားကြစေသော်။ (နာ၊သာ၊ ၃၅၄)
No comments:
Post a Comment