ဓမ္မရေးရာ အတွေးစများ၊ ကဗျာများ၊ ကြိုက်နှစ်သက်ရာ မှတ်တမ်းဓာတ်ပုံများ၊ ဖတ်ခဲ့ဖူးသော စာများထဲမှ နှစ်သက်ရာ စာ ကဗျာများနှင့် အတွေးအခေါ်များကို မှတ်တမ်းသဘော မျှဝေ တင်ပြထားပါသည်

Monday, October 29, 2012

ဘုရားရှင်နှင့် ရဟန္တာအရှင်မြတ်များ၏ ၀ိသုဒ္ဓိပ၀ါရဏာပြုပုံ


ပ၀ါရဏာသုတ် မြန်မာဘာသာဋီကာ

(သီတင်းကျွတ်လပြည့်၊ ပ၀ါရဏာနေ့။ သာဝတ်္ထိမြို့၊  ပုဗ္ဗာရုံကျောင်းတိုက်မှာ အရှင်ဝင်္ဂီသမထေရ်မြတ်မှ မြတ်စွာဘုရားကိုယ်တော်တိုင်နှင့် သံဃာတော်များ အချင်းချင်းဝိသုဒ္ဓိပ၀ါရဏာပြုပုံကို ကြားသိမြင်ပြီး ချီးမွမ်းသောစကားများကို မြတ်စွာဘုရားအား လျှောက်ထားတဲ့ခဲ့သော စကားများ ဖြစ်ပါသည်)

ဘုရားရှင်နှင့် ရဟန္တာငါးရာတို့ကို စကြာမင်းကြီးနှင့်
သားတော်တို့ဖြင့် ဥပမာနှိုင်းပုံ။

ငါ့ကိုဝေဖန် ဖိတ်မန်သံ

အခါတစ်ပါး၌ ဗုဒ္ဓမြတ်စွာသည် သာဝတ်္ထိမြို့ဝယ် ပုဗ္ဗာရုံကျောင်းတိုက်ရှိ ၀ိသာခါကျောင်းအမ (၂၇-ကုဋေ အကုန်အကျခံ၍) ဆောက်လုပ်လှူဒါန်းအပ်သော ပြာသာဒ်ကျောင်းဆောင်၌ ရဟန္တာ အရှင်မြတ်ငါးရာနှင့်အတူ သီတင်းသုံးတော်မူ၏။ ထိုစဉ် သီတင်းကျွတ်လပြည့်၊ ၀ါကျွတ်သည့်နေ့ဝယ် ပ၀ါရဏာပြုရန် ရဟန်းတော်ငါးရာနှင့်အတူ လွင်တီးခေါင်ကွက်လပ်၌ စည်းဝေးထိုင်နေတော်မူ၏။ ထို့နောက် ငြိမ်သက်စွာထိုင်နေကြသော ရဟန်းတော်အပေါင်းကို စောင်းငဲ့ကြည့်ရှုတော်မူလျက်...

    ဘိက္ခုတို့...ယခုအခါ ငါဘုရားသည် သင်တို့အား (ငါ့ကို) ဝေဖန်ပြောဆိုဖို့ရန် ဖိတ်မန်တော် မူ၏။ ငါဘုရား၏ ကိုယ်နှုတ်အမူအရာ တစ်စုံတစ်ရာကို မကဲ့ရဲ့ပဲ ရှိကြကုန်၏လော၊ (ကဲ့ရဲ့ဖွယ် ရှိလျှင် ပြောဆိုကြကုန်၊ ထိုသို့ဝေဖန်ပြောဆိုခြင်းကို ငါဘုရားလိုလားတော်မူ၏=ဟူလို)

Saturday, October 27, 2012

ပ၀ါရဏာကပေးသော အတွေးများ


ပ၀ါရဏာကပေးသော အတွေးများ

သီတင်းကျွတ်လပြည့် ပ၀ါရဏာနေ့မှာ သံဃာတော်များ ပ၀ါရဏာပြုကြရတယ်၊ ပ၀ါရဏာဆိုတာ ရဟန်းသံဃာအချင်းချင်း မိမိတို့မှာ အပြစ်တစ်စုံတစ်ရာတွေ့ရှိပါက ပြောပြကြဖို့ ဖိတ်မန်တဲ့သဘောပါ၊ အဲဒီလို ဖိတ်မန်လိုက်တဲ့အခါ အပြစ်ကို ပြောပြသူကလည်း မေတ္တာကရုဏာနဲ့ပြောပြပြိး အပြစ်ရှိသူကလည်း မိမိရဲ့အပြစ်ကို သိမြင်ပြီး အမှန်ပြုပြင် ကုစားဖို့ဆိုတဲ့ ရည်ရွယ်ချက်ကောင်းတစ်ခုအဖြစ် မြတ်စွာဘုရားလမ်းညွှန်ပညတ်ခဲ့တဲ့  လမ်ညွှန်ချက်နည်းကောင်းလေးတစ်ခုပါ၊ 

အခု သံဃာတွေပြုတဲ့ ပ၀ါရဏာနဲ့စပ်ပြီး တွေးမိတဲ့အတွေးလေးကို တဆင့်ပြန်လည်မျှဝေချင်လို့ပါ၊ တကယ်တော့ ဒီလမ်းညွှန်ချက်ကလေးဟာ  အလွန်ကောင်းမွန်တဲ့ လမ်းညွှန်ချက်ကလေးဖြစ်လို့ ဒီပ၀ါရဏာပြုတဲ့သဘောလေးကို ရဟန်းတွေသာမက လူတွေလည်း လိုက်နာကျင့်သုံးရင် အများကြီးအကျိုးကျေးဇူးရှိမယ်လို့ တွေးမိတယ်ထင်လို့ တဆင့်မျှဝေလိုက်ပါတယ်။
ဒါပေမဲ့ ပ၀ါရဏာအကြောင်း မစခင် သီတင်းကျွတ်လနဲ့ပတ်သက်တဲ့ အထိမ်းအမှတ်နေ့များ ပွဲတော်နေ့များအကြောင်းကို ဗဟုသုတဖြစ်စေဖို့ ယခုအမေရိကန်မှာသီတင်းသုံးနေတော်မူသော ဆရာတော် အရှင်မဟောသဓပဏ္ဍိတ(ဝေဇယန္တာ) ရေးသားထားသော စာများကို မူရင်းအတိုင်း တင်ပြလိုက်ပါသည်၊ ဖတ်ကြည့်ပါ၊

သီတင်းကျွတ်နှင့် ပ၀ါရဏာပွဲ

           ရှေးအခါ ˝သန်တူလ˝၊ ယခုအခါ ˝သီတင်းကျွတ်လ˝တွင် ဘာသာရေးနှင့် နှီးနွယ်သော ပွဲတော်များ ကျင်းပလေ့ရှိခဲ့ကြသည်။ ရှေးမင်းများ လက်ထက်မှ ယနေ့တိုင် ဆင်နွှဲလာခဲ့ရာ ˝မြန်မာ့ ရိုးရာ ယဉ်ကျေးမှု တရပ်˝ အနေဖြင့် တည်ရှိနေပေတော့သည်။
တာဝတိံသာခေါ် မီးမြင့်မိုရ်ပွဲ
ဤသီတင်းကျွတ်လတွင် ဗုဒ္ဓမြတ်စွာသည် တာဝတိံသာနတ်ပြည်သို့ တ၀ါတွင်းလုံး ကြွ ရောက်၍ အဘိဓမ္မာတရားတော် ချီးမြှင့်ရာမှ ˝သင်္ကဿမြို့တော်˝သို့ ပြန်လည်ကြွ ရောက် တော်မူခဲ့သည်။ သင်္ကဿမြို့သို့ ဆိုက်ရောက်တော်မူလာချိန်မှာ သီတင်းကျွတ်လပြည့်ည မှောင်ရီပျိုးစ အချိန်ဖြစ်သည်။ မြို့သူမြို့ သားတို့သည် ဆီမီးထိန်ထိန် ညှိထွန်း၍ ဗုဒ္ဓမြတ်စွာကို လှိုက်လှဲဝမ်းသာ ကြိုဆို ဦးညွှတ်ခဲ့ကြသည်။ ဗုဒ္ဓ မြတ်စွာသည် ၀ဲ ယာ ငွေစောင်းတန်း ရွှေစောင်းတန်းတို့မှ နတ်ဒေ၀တာ များ ခြံရံလျက် အလယ် ပတ္တမြား စောင်းတန်းမှ ဆင်းသက်တော်မူလာခဲ့လေသည်။ ဤတာဝတိံသာနတ်ပြည်မှ ပြန်ကြွလာပုံကို ရည်မှန်း၍ ˝တာဝတိံသာပွဲ˝ ခေါ် ˝မီးမြင့်မိုရ်ပွဲ˝ ကို ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့ တခမ်းတနား ဆင်နွှဲ လာခဲ့ကြခြင်း ဖြစ်သည်။

ပ၀ါရဏာပြုပုံ နှင့် ပ၀ါရဏာပြုရခြင်းအကြောင်း


ထိုပ၀ါရဏာကို ခွင့်ပြုတော်မူခြင်း အကြောင်းရင်းကား-

ဘုရားရှင် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ်အခါက ကောသလတိုင်း ဇနပုဒ် ကျောင်းတကျောင်း၌ နေခဲ့ကြသော ရဟန်းတော်တို့သည် “အချင်းချင်း ငြင်းခုံမှုမရှိကြပဲ ညီညီညွတ်ညွတ်ဖြင့် ချမ်းသာစွာ နေထိုင်ကြရအောင် တပါးနှင့်တပါး စကားမပြောကြစတမ်း”ဟု ကတိက၀တ် ထားကြလျက် ၀ါတွင်းသုံးလပတ်လုံး စကား-လုံးဝမပြောကြပဲ နေခဲ့ကြသည်ကို ဘုရားရှင် သိရှိတော်မူသောကြောင့် ထိုသို့ စကား-လုံးဝမပြောပဲ နေကြခြင်းသည်---

သားကောင် တိရစ္ဆာန်တို့၏ ပေါင်းသင်းနေထိုင်ခြင်း (ပသုသံဝါသ-၁), နှင့်တူ၏၊
စကားမပြောနိုင်သူ လူအ,တို့၏ အကျင့် (မူဂပဗ္ဗတ-၂) ဖြစ်သော တိတ္တိတို့ ဆောက်တည်သော အကျင့်လည်း ဖြစ်၏ (-၃။) ဟု ကဲ့ရဲ့ရှုတ်ချတော်မူပြီးလျှင် သီလ-သမာဓိ ပညာတိုးပွား အကျိုးများသော တရားစကားကို ပြောဆိုနေထိုင်ကြကာ (-၄) သီတင်းကျွတ်လပြည့်နေ့၌ သံဃာတော်များအားလုံး တသိမ်တည်းမှာ စုဝေးပြီး အချင်းချင်း အပြန်အလှန် ဖိတ်ကြား ပ၀ါရဏာပြုကြရမည်-ဟု ပညတ်တော်မူခဲ့လေသည်။

ပ၀ါရဏာပြုပုံ

သံဃံ ဘန္တေ ပ၀ါရေမိ ဒိဋ္ဌေန ၀ါ, သုတေန ၀ါ, ပရိသင်္ကာယ ၀ါ,
ဝဒန္တု မံ အာယသ္မန္တော အနုကမ္ပံ ဥပါဒါယ၊ ပဿန္တော ပဋိကရိဿာမိ ။

ဒုတိယမ္ပိ ဘန္တေ သံဃံ ပ၀ါရေမိ ဒိဋ္ဌေန ၀ါ, သုတေန ၀ါ, ပရိသင်္ကာယ ၀ါ,
ဝဒန္တု မံ အာယသ္မန္တော အနုကမ္ပံ ဥပါဒါယ၊ ပဿန္တော ပဋိကရိဿာမိ ။

တတိယမ္ပိ ဘန္တေ သံဃံ ပ၀ါရေမိ ဒိဋ္ဌေန ၀ါ, သုတေန ၀ါ, ပရိသင်္ကာယ ၀ါ,
ဝဒန္တု မံ အာယသ္မန္တော အနုကမ္ပံ ဥပါဒါယ၊ ပဿန္တော ပဋိကရိဿာမိ ။ ( ၀ိ-၃-၂၂၃ )

( မြန်မာ )

ကုသိုလ်တိမ်တိုက်ကို စီး၍ မြင့်မြင့်ပျံပါ


အသက်ရှင်ရကျိုး


အမှားသိမြင် အမှန်ပြင်၍ အလှဆင်မှ အစဉ်လှမည်


ငြိမ်းချမ်းမှုကို ပေးနိုင်သော စကားလေးတစ်ခွန်း


Monday, October 22, 2012

မာနအကြောင်း


မာနအကြောင်း

ထောင်လွားတတ်ကြွခြင်းသဘောသည် မာန်မာနမည်၏၊ ထို့ကြောင့် “မာနကားမူ၊ ထောင်လွားကြွတတ်ဟုဆိုခဲ့ပေသည်၊ မာနဓာတ်ခံရှိသူသည် တံခွန်အလံကို စိုက်ထောင်၍ ထားသကဲ့သို့အများ အပေါ်၌မောက်မော်လို၏၊ ကြွတတရှိ၏၊ ရာထူးဂုဏ်သိန်၊ စည်းစိမ်ဉ္စာစ္စာ ပညာအဆင်း၊ ရောဂါကင်းခြင်းစသော ဂုဏ်တို့ဖြင့်သူများထက်သာနေ သောအခါငါကသင်တို့နှင့်တူသလား၊ ငါနှင့်အဖတ်တန်သလားဟု- ကိုယ့်ကိုယ်ကိုအထင်ကြီးကာသူတစ်ပါးကိုအထင်သေးတက်၏။ 

သူများထက်အသာဘဲတန်းတူဖြစ်နေလျှင်လည်းမာနဓာတ်ခံရှိနေသုတို့မှာသင်နဲ့ ငါနဲ့ဘာထူးသေးလဲ၊ သူ့လောက်တော့ ငါလဲရတာပဲ””ဟု တန်းတူထားလျှက် မာန်တက်ပြန်၏၊ 

ရာထူးစည်းစိမ်စသည်တို့က အောက်တန်းကျပြန်လျှင်လည်း မာနဓာတ်ခံရှိနေသူမှာ၏သူတို့က ငါ့ထက်သာကော ငါကဘာရေးအစိုက်ရမှာလဲ၊ ကိုယ့်ရှိမှကိုယ်စားရ၊ ကိုယ်လုပ်မှ ကိုယ်ရ တာပဲ၊ ဘယ်သူ့ကို ခခယယလုပ်နေရမှာတုန်း””ဟုအံမတုနိုင်သော်လည်း မာန်ပြုလျက်ပင်။
   
အများဖြစ်တတ်သောမာန်များနှင့် ပယ်ရှားနိုင်ဖို့နည်းလမ်း

ဇာတိမာန်      

အမျိုးကောင်းသည့်အတွက် မာန်မာနတက်နေခြင်းဇာတိမာန် ဟု ခေါ်သည်၊ ယခုခေတ်၌ အတော်အတန်အမျိုးကောင်းသူတွေရှိပါပေသည် သို့သော်မာန်တက်လောက်၊ ဟန်ကြီး ပန်ကြီးလုပ်လောက်အောင် တစ်ဘက်သားကို ခြေဖ၀ါးအောက်ကဟု ထင်လောက်အောင် အမျိုးမကောင်းပါ၊ ရှေးကမဟာသွေးမဟာမျိုးဖြစ်၍ တကယ်အမျိုးကောင်းသည်ပင်ဆို ဦးတော့ အမျိုးမြတ်သူက မာနမဖတ်ဘဲ ညတ်ညတ်ညောညော အပြောချိုကာ အရာရာမှာ လိုက်လျောပါမူ အောက်တန်းကျသူတို့က ပိုမို၍ချစ်ခင်ကြည် ညိုရိုသေကြမည်မဟုတ်ပါလော့၊ “အရောဝင်တော့အရိုအသေတန်ဆို သကဲ့သို့ အချို့ရိုင်းစိုင်းသူတို့က အရောဝင်၍ အရိုအသေတန်ကောင်း တန်ပေလိမ့်မည်။ သို့သော် ထိုအရိုအသေတန်မှုအတွက်  ထိုသူအပြစ်သာ ဖြစ်၍ ထိုသူပင် နစ်နာပေလိမ့်မည်။ ဤသို့ အရာရာရှေ့နောက် စိစစ်လျှက် ဇာတိမာန်မတက်မိအောင် သတိဆောင်ကြပါကုန်။ 

ကသိဘာရဒွါဇသုတ်


( ယခုလက်ရှိ၊ အမရပူရ၊ မဟာဂန္ဓာရုံ၊ မဟာနာယကချုပ်ဆရာတော် ၏
သက်တော် ရှစ်ဆယ်ပြည့် မွေးနေ့အကြို ဂုဏ်ပြုပူဇော်ပါသည်၊)

၁-ကသိဘာရဒွါဇသုတ်

မဂဓတိုင်း၊ ဒက်္ခိဏာဂိရိဇနပုဒ်နယ်၊ ရွာအနီးမှလယ်တောမှာ ဧကနာဠပုဏ္ဏား အား ရဟန်းဘ၀နှင့် လယ်သမားဘ၀ နှိုင်းယှဉ်၍ဟောပြောပုံ ။

လယ်တောသို့ဆွမ်းခံကြွ 

ဗုဒ္ဓမြတ်စွာသည် အခါတစ်ပါး၌ မဂဓတိုင်း ဒက်္ခိဏာဂိရိ ဇနပုဒ်နယ်ပယ်အပါအ၀င် ဧကနာဠမည်သော ပုဏ္ဏားရွာ၌ သီတင်းသုံးနေတော်မူ၏။ ထိုစဉ် တစ်နေ့သ၌ ကသိဘာရဒွါဇပုဏ္ဏား (ဘာရဒွါဇအနွယ်ရှိ လယ်သမားပုဏ္ဏား)သည် သူ၏ လုပ်သားများနှင့်အတူ ပျိုးကြဲမည့်နေ့၌ ထွန်ပေါင်းငါးရာဖြင့် ထွန်ရေးငင်ရန် ပြင်ဆင်ထား၏။ ထို့နောက် လယ်ယာလုပ်သားတို့အား နို့ဃနာစသော စားသောက်ဖွယ်တို့ကို ကျွေးမွေးနေ၏။ ထိုအချိန်၌ ဘုရားရှင်သည် ထိုပုဏ္ဏား၏ ကျွေးမွေးရာဌာနအနီးသို့ ကြွလာတော်မူကာ ဆွမ်းရပ် တော်မူ၏။ ထိုအခါ....

ပုဏ္ဏား               အို-ရဟန်း.... ကျွန်ုပ်သည် လယ်ကိုထွန်ယက်စိုက်ပျိုး၍ ကိုယ့်အစာကိုယ်ရှာ စားသောက်ပါ၏။ အသင်လည်း ကျွန်ုပ်ကဲ့သို့ ကိုယ့်အားကိုယ်ကိုး ထွန်ယက်စိုက်ပျိုး၍ စား သောက်ပါလော။

(ကိုယ့်အားကိုယ်ကိုးပါလား )

(ဘုရားရှင် ဆွမ်းခံကြွလာတော်မူချိန်၌ ပုဏ္ဏားသည် သူ၏လယ်ယာ လုပ်သားများစွာတို့ဖြင့် လယ်ထွန်မင်္ဂလာအခမ်းအနား ခေတ္တရပ်နား၍ ကျွေးမွေးဖွယ်များဖြင့် ဧည့်ခံစားသောက် နေချိန်ဖြစ်၏။ ထိုအချိန်ဝယ် ကြွလာတော်မူသော ဘုရားရှင်၏ ရောင်ခြည်တော် ၆-သွယ်တို့ကြောင့် လယ်ကွင်းပြင် တစ်ခုလုံးရှိ ထွန်ယက်ထားအပ်သောမြေစိုင်ခဲတို့သည်လည်း  ရွှေရောင်အဆင်း ၀ါဝင်းလက်လက် အရောင်ဖြာ၍ ထွက်နေကုန်၏။ ထိုသို့ ထူးဆန်းအံ့သြဖွယ် ကြည်ညိုဖွယ်တို့ကို မြင်ကြရသော လယ်ယာလုပ်သားအားလုံးသည် စားလက်စ အစားအစာတို့ကို ရပ်တန့်၍ လက်ကိုဆေးကြောကာ ဘုရားရှင်ရှိတော်မူရာသို့ အားလုံးစုရုံးရောက် လာကြပြီးလျှင် ဘုရားရှင်အား လက်အုပ်ချီကာ ဖူးမြော်နေကြ၏။ ထိုအခါ လယ်ရှင်ပုဏ္ဏားသည် “သူ၏လယ်ယာ လုပ်ငန်းကိစ္စကို အနှောင့်အယှက်ပြုသည်ဟု ဘုရားရှင်အပေါ်၌ စိတ်ဆိုးအမျက်ထွက်၍ နှိပ်စက်လွှမ်းမိုး စကားမျိုး ဖြင့် ပြောဆိုလိုသောကြောင့် “ကျွန်ုပ်ကဲ့သို့ ကိုယ့်အားကိုယ်ကိုး ထွန်ယက်စိုက်ပျိုး၍ စားသောက်ပါ လောစသောစကားကို ပြောခြင်းဖြစ်သည်။)

Thursday, October 18, 2012

ပညာအကြောင်း


ပညာအကြောင်း
(ပညာဘက်၌ အလိုက်အစားနည်းခဲ့သော ဤ မြန်မာနိုင်ငံကိုလည်း ရေနံတွင်း ကျောက်တွင်းနှင့် သစ်တောများကို သွားရည်ယိုသော ၀ဉ္စနာပညာရှင်တို့က သူငယ်နှပ်သားကလေးကို လှည့်စားသလို သိမ်းယူသွားသည်မှာ သူတို့၏ ပညာစွမ်းပင်ဖြစ်ပေသည်။
ယခုအချိန်တိုင်အောင် ကူးသန်းရောင်းဝယ်မှု၌ ဉဏ်မျက်စိ စူးရှသော နိုင်ငံခြားသားတို့က ငါတို့ အမျိုးသား အမျိုးသမီးတွေကို ကလေးလို သဘောထား၍ ပစ္စည်းရော လူပါ အညွန့်ခူးချင်တိုင်း ခူးနေကြသည့်အပြင် အောက်တန်းစားဟု ထင်ရသော နိုင်ငံခြားသား လက်လီ ကုန်သည်လေးများကလည်း ထထကြွကြွ ၀ီရိယဖြင့် စားပေါက်စားလမ်းကို အစွမ်းကုန် နှိုက်နေကြသည်၊ ငါတို့ အမျိုးသား တွေက ““ဖိုးသူတော် ကျပ်တစ်လုံးနှင့် ညောင်ပင်ကုန်းမှာ အိပ်ပျော် နောကတုန်းပင်””။)

အမောဟ (ပညာ) အကြောင်း

အမောဟဟူသည် ဉဏ်ပညာတည်း။ ထို့ကြောင့် ““ပညာ ဉဏ်မူ၊ အမောဟဟူ၏”” ဟုဆိုခဲ့သည်။ မောဟက ဖုံးလွှမ်းကွယ်ကာ ထားသောအရာဟူသမျှကို ဤဉဏ်ပညာဟု ခေါ်သော  အမောဟ   က မဖုံးကွယ်နိုင်အောင် စွမ်းနိုင်သမျှ ထုတ်ဖော်ပြသဖြင့် အမှန်ကို သိရ လေသည်။ သို့ဖြစ်၍ မောဟနှင့်အမောဟသည် ““ခင်ပုတ်နှင့် ကျီး”” ကဲ့သို့ ကမ္ဘာ့ရန်ဘက်ကြီးများပေတည်း။

ပညာစစ်

       ဤဉဏ်ပညာသည် ပညာစစ် ပညာတု ဟု နှစ်မျိုး ရှိ၏။ ထိုတွင် ကံ ကံ၏ အကျိုးကို သိတတ်သော ဉဏ်၊ စာပေကျမ်းဂန်၏ အဓိပ်္ပာယ်မှန်ကို နားလည်သောဉဏ်၊ ၀ိပဿနာဉဏ်၊ မဂ်ဉဏ် ဖိုလ်ဉဏ်များနှင့် ဘုရားရှင်၏ သဗ္ဗညုတဉဏ် တိုင်အောင် အပြစ်ကင်းသော အသိအလိမ်္မာ ဉဏ်ဟူသမျှ ပညာ အစစ်ပင် တည်း။ 

ပညာတု

စိတ်အကြောင်း




စိတ်အကြောင်း
( စိတ်ဆိုးစိတ်ယုတ်ရှိသူသည် ကိုယ့်ကိုယ်ကိုလည်း မကြည်ညိုနိုင်၊ မိတ်ဆွေချင်း ညီအစ်ကိုမောင်နှမ သားချင်း သမီးခင်ပွန်းချင်း ဆရာ ဒကာချင်း၊ အပေါင်းအသင်း ရင်းနှီးသူချင်းကလည်း သူ၏ ယုတ်မာ ကြောင်းကို သိလျှင် ချစ်ခင်နိုင်၊ အားရနိုင်၊ ကြည်ညိုနိုင်ကြမည်မဟုတ်။ ဤသို့ ရင်းနှီးသူများ အထင်သေးမည်ကို စိုးသောကြောင့်လည်း မိမိ စိတ်ထားကို ဖြူစင်ဖြောင့်မတ် မြင့်မြတ်အောင် ပြင်ဆင်ထိုက်ကြ ပေသည်။ )

အာရုံကို သိတတ်သော သဘောသည် စိတ်

ငါတို့သည် ဟိုဟာသိ သည်ဟာသိနှင့် အချိန်ရှိသမျှ အာရုံတွေကို သိနေကြသည်။ ထိုသို့ အာရုံတွေကို သိတတ်သောသဘောကို ““စိတ်””ဟု ခေါ်သည်။ ““သိ””ဆိုသော်လည်း ဉဏ်ဖြင့်သိသော အသိ မဟုတ်၊ အာရုံကို ရအောင် ယူနိုင်ခြင်းကိုပင် ““အသိ””ဟု ခေါ်သည်။

အရုံ ၆ ပါး, အသိ ၆ မျိုး

၁။       အဆင်း အရောင်ဟူသမျှ        =       ရူပါရုံ
၂။       အသံဟူသမျှ   =       သဒ္ဒါရုံ
၃။       အနံ့ဟူသမျှ     =       ဂန္ဓာရုံ
၎။       အရသာဟူသမျှ         =       ရသာရုံ
၅။       အတွေ့ဟူသမျှ =       ဖောဋ္ဌဗ္ဗာရုံ
၆။       ကြွင်းသောသိဖွယ်ဟူသမျှ       =       ဓမ်္မာရုံ
ရူပါရုံကို မြင်သောအခါ၊ မြင်သိ-သိသောစိတ် ဖြစ်၏။ သဒ္ဒါရုံကို ကြားသောအခါ၊ ကြားသိ-သိသောစိတ်။ ဂန္ဓာရုံကိုနံသော၊ မွှေးသော အခါ နံသိ၊ မွှေးသိ- သိသောစိတ်၊ ရသာရုံကိုအရသာခံ သောအခါ၊ အရသာသိ-သိသောစိတ်၊ တစ်စုံတစ်ခုကိုတွေ့ထိရသော အခါ၊ အတွေ့ အထိသိ-သိသောစိတ်၊ ထိုအာရုံငါးပါးနှင့်တကွ ကြွင်းသော အကြောင်း အရာတွေကို သိသောအခါ ဆိုင်ရာကို သိသော စိတ်များ ဖြစ်ကြ လေသည်၊ ဤသို့ ဆိုင်ရာအာရုံကို ရအောင် ယူနိုင်ခြင်းသည် စိတ်၏ သိခြင်းတည်း။

စိတ်၏အခြင်းအရာ

စိတ်သည် အဝေးသို့လည်း သွားနိုင်၏၊ တစ်ပါးတည်းသာ လှည့်လည်လေ့ရှိ၏၊ ခန္ဓာကိုယ် အထည်ဒြပ်လည်းမရှိ၊ ခန္ဓာကိုယ်ဝယ် ဟဒယလိုဏ်ဂူ၌ အများအားဖြင့် ဖြစ်လေ့ရှိ၏ဟု ဓမ္မပဒပါဠိတော်၌ ဟောတော်မူသည်၊ ထိုသို့ ဟောတော်မူသည့်အတိုင်း စိတ်၏ အခြင်း အရာကို ထင်ရှားအောင် ပြပါဦးမည်။ 

သမိဒိ္ဓသုတ်


( ယခုလက်ရှိ၊ အမရပူရ၊ မဟာဂန္ဓာရုံ၊ မဟာနာယကချုပ်ဆရာတော် ၏
သက်တော် ရှစ်ဆယ်ပြည့် မွေးနေ့အကြို ဂုဏ်ပြုပူဇော်ပါသည်၊)

သမိဒိ္ဓသုတ်

အရှင်သမိဒ်္ဓိနှင့် နတ်သမီး

အခါတစ်ပါး၌ ဗုဒ္ဓမြတ်စွာသည် ရာဇဂြိုဟ်မြို့ဝယ် တပေါဒါရုံကျောင်းတိုက်၌ သီတင်းသုံးတော်မူ၏။ ထိုအခါ အရှင်သမိဒိ္ဓသည် နံနက်                                      စောစောအချိန်ဝယ် အိပ်ရာမှထ၍ ရေချိုးခြင်းငှာ တပေါဒါမြစ်သို့ ကြွတော်မူ၏။ တပေါဒါမြစ်၌ ရေသုံးသပ်တော်မူပြီးနောက် သင်းပိုင်ကိုသာဝတ်လျက် (ဧကသီ မရန်းသေးပဲ လက်မှကိုင်ကာ) ကိုယ်ပေါ်မှ ရေများခြောက်သွားစေရန် ခေတ်္တရပ်နေတော်မူ၏။ ထိုအခါ ဘုမ်္မစိုးနတ်သမီးတစ်ယောက်သည် ပစိ္ဆမယာမ်လွန်ပြီးသော နံနက်စောစော၌ သူ့ကိုယ် ရောင်၊ ၀တ်စားတန်ဆာရောင်တို့ဖြင့် တပေါဒါရုံကျောင်းတိုက်ကို ထွန်းလင်းစေလျက်  အရှင် သမိဒိ္ဓထံသို့ ချဉ်းကပ်ပြီးလျှင် ကောင်းကင်မှနေ၍ ဂါထာဖြင့် ဤသို့ စကားဆို၏။
နတ်သမီး။         ။ အဘုတွာ ဘိက္ခသိ ဘိက္ခု၊ န ဟိ ဘုတွာန ဘိက္ခသိ။
    ဘုတွာန ဘိက္ခု ဘိက္ခဿု၊ မာ တံ ကာလော ဥပစ္စဂါ။
          အိုရဟန်း...သင်သည် လောကီအာရုံ ကာမဂုဏ်ကို မခံစားရသေးပဲ ဆွမ်းခံရသောရဟန်း အကျင့်ကို ကျင့်ဘိ၏။ လောကီအာရုံကာမဂုဏ်ကို မခံစားရသေးပဲ ဆွမ်းခံရသောရဟန်းအကျင့် ကို မကျင့်လေနှင့်ဦး။ အိုရဟန်း...လောကီအာရုံကာမဂုဏ်ကို ခံစားပြီးမှဆွမ်းခံရသောရဟန်းအကျင့် ကို ကျင့်ပါလေလော့။ လောကီအာရုံ ကာမဂုဏ်ကို ခံစားဖို့ရန်အချိန်အခါသည် ပျိုမြစ်နုနယ် ငယ်ရွယ်သေးသောသင့်ကို ကျော်လွန်၍မသွားပါစေနှင့်။
အရှင်သမိဒိ္ဓ။         ။ ကာလံ ဝေါဟံ န ဇာနာမိ၊ ဆန္နော ကာလော န ဒိဿတိ။
                           တသ်္မာ အဘုတွာ ဘိက္ခာမိ၊ မာ မံ ကာလော ဥပစ္စဂါ။
           (အိုနတ်သမီး) ငါသည် သေရမည့်အချိန်အခါကို (ဘယ်အချိန်သေရမည်ဟု) အတိအကျ မသိပါ။ သေရမည့်အချိန်အခါသည် ဖုံးကွယ်အပ်သည်ဖြစ်၍ မပေါ်ထင်ပါ။ ထို့ကြောင့် လောကီ အာရုံ ကာမဂုဏ်ကို မခံစားတော့ပဲ ဆွမ်းခံရသော ရဟန်းအကျင့်ကို (အသေမဦးမီ) ကျင့်ပေ၏။ ငါ့ကို ရဟန်းတရားကျင့်ဖို့ရန် အချိန်အခါကောင်းသည် ကျော်လွန်၍မသွားပါစေနှင့်။
(ကာလံ န ဇာနာမိအဓိပ္ပါယ်)

Saturday, October 13, 2012

ငြိမ်းချမ်းရေးအတွက် ဘုရားရှင်သော်မှ မနေသာ


ငြိမ်းချမ်းရေးအတွက် ဘုရားရှင်သော်မှ မနေသာ


မြတ်စွာဘုရားလက်ထက်မှာ တိတ္ထိတွေဟာ လာဘသက္ကာရခေါ်တဲ့ လာဘ်လာဘ ပူဇော် သက္ကာရတွေ လျော့နည်းသွားတာကို တွေ့လိုက်ရတယ်၊ အဲဒီလို လာဘ်လာဘပူဇော် သက္ကာရတွေ ယုတ်လျော့ ကုန်တာဟာ ဂေါတမမြတ်စွာဘုရား ပွင့်ပြီးမှဆိုတာ တွေ့လိုက်ရတော့၊ အဲဒီတိတ္ထိ တွေဟာ လျှို့ဝှက်အစည်းအဝေးတစ်ခုကျင်းပပြီး တိုင်ပင်ဆွေးနွေးကြတယ်၊
          `ငါတို့ တတွေ လာဘ်ပူဇော်သက္ကာရတွေ ယုတ်လျော့ကုန်တာဟာ ဂေါတမဘုရားပွင့်တဲ့ အခါက ပထမစတာပဲ၊ ရဟန်းဂေါတမကတော့ လာဘ်လာဘပူဇော်မှုတွေဟာ အတိုင်းအထက် အလွန် ပေါများပါပေတယ်၊ ဒါဟာ ဘာကြောင့်လို့ ထင်ကြပါသလဲ`
          ဒီလို ပထမစတင် ဆွေးနွေးမေးမြန်းလိုက်တယ်ဆိုရင်ပဲ တိတ္ထိတစ်ယောက်က ပြောပါတယ် `ရဟန်းဂေါတမဟာ ဒီဇမ္ဗူဒိတ်ကျွန်းရဲ့ အချက်အခြာ မဟာမြေမြတ်မှာ နေနေရတယ်၊ ဒါကြောင့် သာ လာဘ်သက္ကာရတွေ ပူဇော်လှူဒါန်းမှုတွေ မပြတ်ရနေတာ ဖြစ်ရမယ်` လို့ အကြံပြုလိုက်တယ်၊
          အဲဒိအကြံပြုချက်ကို အခြားအခြားသောတိတ္ထိတွေက ထောက်ခံပါတယ်၊ `ဒါဟာ ဖြစ်နိုင်ပါ တယ်၊  ငါတို့လည်း မဟာမြေမြတ်ဖြစ်တဲ့ ဇေတ၀န်ကျောင်းနားမှာ ကပ်ပြီး တိတ္ထကျောင်းတစ် ကျောင်း ဆောက်လုပ်ကြမယ်၊ ဒါမှ ငါတို့တတွေလည်း လာဘ်လာဘ ပူဇော်သက္ကာရတွေ ပူဇော် လှူဒါန်းမှုတွေ မပြတ်ရမှာ` လို့ ပြောပြီး အားလုံးပဲ အဲဒီအကြံပြုချက်ကို ထောက်ခံကြပါတယ်။
          ဒါပေမဲ့ ခက်နေတာက ဒီလို ဇေတ၀န်ကျောင်းနားမှာ ကပ်ပြီး ကျောင်းလာပြီး ဆောက်လုပ် ရင် ရဟန်းတွေက ကန့်ကွက်မှာပဲ၊ ဒါကြောင့် ကောသလမင်းကို ခွင့်ပြုချက်တောင်းပြီးမှ ဆောက် တာ ပိုကောင်းမယ်၊ ကောသလမင်းကို ခွင့်ပြုချက်ရဖို့ဆိုတာလည်း မခက်ပါဘူး၊ လာဘ်ထိုးပြီးမှ ခွင့်ပြုချက် ရယူတာပေါ့၊ လာဘ်လာဘကို မကြိုက်နှစ်သက်တဲ့သူဆိုတာ မရှိပါဘူး၊ လဉ္ဇံ လဘိတွာ အဘိဇ္ဇနကော နာမ နတ္ထိ  တံစိုးလက်ဆောင်ပေးပြီး လာဘ်လာဘနဲ့ ဆွဲဆောင်လို့ မပျက်ဆီးတဲ့ သူဆိုတာ မရှိပါဘူး၊ ဒါကြောင့် ကောသလမင်းကို တံစိုးလက်ဆောင်ပေးပြီး လာဘ်ထိုးပြီး ကျောင်း ဆောက်ခွင့်ရအောင် ခွင့်တောင်းကြတာပေါ့ ဆိုပြီး အားလုံးကြံစည်တိုင်ပင်ပြိး ကောသလမင်းကို လာဘ်ထိုးပါတယ်၊
          လာဘ်ထိုးပြိးတော့ သူတို့တိတ္ထိတွေက ကောသလမင်းကြီးကို ပြောပါသေးတယ်၊
`အရှင်မင်းကြီး၊ အကျွန်ုပ်တို့တတွေ ဇေတ၀န်ကျောင်းနားမှာ ကပ်ပြိးတော့ တိတ္ထိကျောင်း တစ်ဆောင် ဆောက်လုပ်ပါ့မယ်၊ အဲဒီလို ဆောက်လုပ်တဲ့အခါ ရဟန်းဂေါတမတပည့်တွေက တားမြစ်ပါလိမ့်မယ်၊ အဲဒီလို လာပြီးတာမြစ်ရင်လဲ မသိချင်ယောင်ဆောင်နေပေးပါ၊ ဘာမှ ပြန်မပြောပါနဲ့ ` လို့ ပြောပြီး တံစိုးလက်ဆောင်ပေးလိုက်တဲ့အခါ ကောသလမင်းကြီးကလဲ ကောင်းပါပြီး လို့ ဆိုပြီ သူတို့ပေးတဲ့ တံစိုးလက်ဆောင်ကို ယူထားလိုက်ပါတယ်တဲ့၊
          ဒီလိုနဲ့ ဇေတ၀န်ကျောင်းနားမှာ သူတို့ရဲ့ တိတ္ထိကျောင်းကို စတင်ဆောက်လုပ်ပါတော့ တယ်၊ အဲဒီလို ဆောက်လုပ်တဲ့အခါ အသံဗလံတွေကြားတော့ မြတ်စွာဘုရား မေးတော်မူပါတယ်၊ အဲဒီလို မေးလိုက်တဲ့အခါ ရဟန်းသံဃာတွေကလည်း အကြောင်းစုံ လျှောက်ထားလိုက်ကြပါတယ်၊ အဲဒီလို လျှောက်ထားတဲ့အခါ  မြတ်စွာဘုရားက
          ` ဒီဇေတ၀န်ကျောင်းနားမှာ သူတို့က ကပ်ပြီးကျောင်းဆောက်တာတော့ မသင့်လျော်ပါဘူး၊ တို့သံဃာတွေက တိတ်တိတ်ဆိတ်ဆိတ် ၀ိဝေကကိုအဓိကထားပြီး နေနေရတာ၊ သူတို့တိတ္ထိ တွေက ဆူဆူညံညံနဲ့ နေနေကြတာ ၊ ဒီသံဃာတွေနေပုံနဲ့ သူတို့တိတ္ထိနေထိုင်ပုံက လုံးလုံးကွဲပြား ခြားနားပါတယ်၊ အတူနေလို့ မသင့်တော်ပါဘူး၊ ဒါကြောင့် ကောသလဘုရင်မင်းကြီးထံမှာ သွားပြီးတော့ တားမြစ်ပေးဖို့ ပြောကြားလိုက်ပါ ` ဆိုပြီးတော့ မြတ်စွာဘုရား မိန့်လိုက်တဲ့အခါ ရဟန်းတော်များလည်း ကောသလမင်းကြီးဆီကို လာရောက်ကြပါတယ်၊
          ဒါပေမဲ့ ကောသလရှင်ဘုရင်ကြီးက အစောကြီးကတည်းက ကြိုသိနေတယ်၊ ရဟန်းတော် တွေ လာကြတာ တိတ္ထိတွေကျောင်းနဲ့ပတ်သက်ပြီးလာတာနေမှာပဲဆိုတာ ကြိုသိနေပါတယ်၊ ဒါပေမဲ့ တိတ္ထိတွေဆီက တံစိုးလက်ဆောင် လာဘ်ထိုးတာကို လက်ခံထားတော့ `ဘုရင်ကြီး နန်းတော်မှာ မရှိပါဘူး` လို့ ပြောခိုင်းလိုက်ပြိး ရဟန်းတော်တွေကို ထွက်မတွေ့ပါဘူးတဲ့၊

Friday, October 12, 2012

အမေ လွမ်းသူများသို့

                 မေမေ


လောကဓံရဲ့ လှည့်ကွက်တွေ ထဲမှာ
ကျရှုံးခဲ့ရတဲ့ အခါတိုင်း

မေမေ့ရဲ့ ရင်ခွင်ထဲမှာ
ငိုကျွေးလိုက်ချင်တယ်..။


ဘဝကပဲ ဒဏ်ခတ်တာလား
သမီးကပဲ မှားနေတာလား
မေမေ့ရဲ့ မေတ္တာရိပ်နဲ့
ကင်းဝေးတဲ့နေရာတိုင်းမှာ
သမီး အဆင်မပြေဘူးမေမေရယ်...။
                      
                        တန့်ဆည်သူ
 
 

ကိုယ့်အတွက်ဆို ကိုယ့်အပေါ်မူတည်တယ်


အရာရာကို အဓမ္မနည်းနဲ့ မလိုချင်ပါနဲ့


Social Guides of Buddhism 3


Chapter III

3.1. Dispelling Doubt -----------------------------------------------------------------
3.1.1. Kalama Sutta (The Discourse on Kalama people) ------------------------
3.1.2. Unique Advice How to Choose Correct Religion ------------------------
3.2. The Remarkable Social Guide -------------------------------------------------
3.2.1. Singala Sutta (The Advice to Singala) --------------------------------------
3.2.1(a). The Four Dirty Actions ----------------------------------------------------
3.2.1(b). The Four Reasons for Doing Evil Deeds --------------------------------
3.2.1©. Six Causes for Loss of Wealth ---------------------------------------------
3.1.1(d). The Quality of Good-Hearted Friend ------------------------------------
3.1.1(e). The Quality of False Friend -----------------------------------------------
3.3. Social Philosophy for Worldly Life -------------------------------------------
3.3.1. The Relation between Parents and Children -------------------------------
3.3.2. The Relation between Teacher and Pupil -----------------------------------
3.3.3. The Relation between Husband and Wife ----------------------------------
3.3.4. The Relation between You and Your loving friends ----------------------
3.3.5. The Relation between Employers and Employees ------------------------
3.3.6. The Relation between the Holy Monks and Devotees --------------------

3.1. Dispelling Doubt

Nowadays people are complicated even to lead their own life and family. There are ample destructive elements for our popular lives. We cannot run away from them; we have to live together with such complicated and sophisticated world decorated with beautiful and amazing scientific developments. Our new millennium is unbelievable and rapidly developed through technologies. Our world becomes a global village. Human society is interdependent network that does not make any different from each other. We live very closely in physical world but very far from each other in spiritual world. People live in sense of fear; they are afraid of each other. Fear makes them complicated living in sophisticated world.

Another phenomenon that makes humanity complicated is religion. Religion should not make people complicated but it does. Sometimes, we are so hard to understand when religion is mixed with political system. In my own opinion political system must be separated from religious influence because politics is clearly connected with greed for power to rule particular country but religion is closely connected with loving-kindness to love both friends and enemies equally. According to Buddhism we are all taught to love both friends and enemies equally. All the religions should work for the benefits of the whole living society including animals; we should not discriminate among humanity. We should love them, respect and help them when they are in need.

Social Guides of Buddhism 2


Chapter II
 Contents
2.1. Helping the Victims---------------------------------------------
2.1.1. Health Care for the Pregnant Woman------------------------
2.1.2. Popular Angulimala Sutta -------------------------------------
For Pregnant Woman to Give Easy Birth---------------------------
2.1.3. Protection from the Poisonous Snakes-----------------------
2.1.4. Protection from the Burning Fire------------------------------
2.2. Health Care Special ----------------------------------------------
2.2.1. How to Eat Food for Health-----------------------------------
2.2.2. Popular Bojjhanga Sutta for Health--------------------------

In the previous chapter I tried to explain how Buddhism is connected with charitable works as social guide of Buddhism. It was common sense of social guide that Buddhism can work for social welfare as taught by the Buddha because I have met many people who are interested in Buddhism but all of them feel that Buddhism focuses on self liberation and self interest for spiritual purpose. However, it is not correct notion on Buddhism because I have learned, practiced and taught as the Buddha instructed for years. I found that the Buddha and His Teaching always bring us to the middle to be in harmony with the whole humanity.

We must be serious with the Buddha’s Teaching because His Teaching is not just for reading like prayer in sense of a religion but advises us to search for knowledge and wisdom for finding a way of life in harmony with the society anywhere in the world. Buddhism has gone with the whole society peacefully since it started in India over 25 hundred years ago. Nowadays Buddhism is accepted by United Nations for the example of peace-making religion among other religions. I’m not praising Buddhism as my own but I’m honestly talking about Buddhism as it is and its sense of beauty for humanity.

2.1. Helping the Victims
There are two ways of helping the victims in a certain trouble; one is to help the victims for physical needs and another is to help them for spiritual needs. There are a lot of people who are able to help physical needs but a few to help spiritual needs. When you are sacrificing for religious life, you must give up things you belong to. You have to take just what you need. You are almost impossible to be rich in material; it is the nature of religious life in any religions. You need to clarify your little mind not to be dirty with dusts of defilement within you. As long as your mind is impure, you will not be happy and healthy enough. Either happiness or unhappiness is dependent on your mind and the way you think.

ဘ၀ဟာ နားခိုခဲ့ဖူးတဲ့ ထနောင်းပင်လေးဆိုရင်


                           ထနောင်းပင်လေးသို့

ကိုယ်သွားမယ့် ပန်းတိုင်ရောက်ဖို့
လမ်းကလေးအတိုင်း ဆက်လျှောက်ရင်း
လူသူကင်းဝေးတဲ့
တောတွင်းကတစ်နေရာ
အရိပ်ကောင်းတဲ့ ထနောင်းပင်အောက်
ချွေးသိပ်ဖို့ ခေတ္တရောက်ခဲ့တယ် ။

ထနောင်းပင် အေးရိပ်လေးက
ငါ့လိုလူ ခရီးသွားအတွက်
အပူပင် ကင်းဝေးပြီး
စိတ်အေးလက်အေးရှိလှတယ်။

ဟိုကောင်းကင် မိုးတိမ်ကြားမှာ
ပျံလွှားငှက်နှစ်အုပ်လည်း
တက်သုတ်ရိုက်ခရီးနှင်နေရဲ့
သူတို့လည်း ငါ့လို
အချိန်မှီခရီးရောက်လိုလို့ထင်ရဲ့

ဒီလို သာယာလှပ
အေးမြတဲ့ ဘ၀တစ်နေရာ
ကြာကြာနေလို့ မဖြစ်ပါဘူးလေ
အဖေမှာထားတယ်မလား

“ခရီးသွားဆိုတာ
မနေမနားလည်း မသွားနဲ့
အနေနားလည်း မထားနဲ့
နားလည်းနား သွားလည်းသွား
ဒါ့မှ ငါ့သား...
ခရီးတွင် လိုအင်ပြည့်ဝ
အချိန်မှီ ပန်းတိုင်ရောက်မှာပ” တဲ့ ။

အင်းလေ
အရိပ်လေး အေးမြပေမယ့်
အချိန်မှီခရီးတွင်ဖို့
တစ်ဖန် ခရီးနှင်ဦးမယ် ။

မောပန်းသူ ခရီးသွားကို
ခဏတာချွေးသိပ်
နားနေဖို့ အေးရိပ်ပေးခဲ့တာ
ကျေးဇူးပါ ထနောင်းပင်လေးရယ်။

                          အလင်္ကာ အရှင်

၂၆.၉.၂၀၁၂ (ဗုဒ္ဓဟူးနေ့)

ပေးတဲ့သူပဲ ဖြစ်ချင်ပါတယ်



လောကမှာ ပေးတဲ့သူ နဲ့ ယူတဲ့သူ နှစ်မျိုးပဲရှိတယ်လို့ သတ်မှတ်ရမယ်၊ 

 

တစ်ချို့ က ပေးတယ်၊ တစ်ချို့က ယူတယ်၊
တစ်ချို့က ပစ္စည်းဥစ္စာဗဟိဒ္ဓအရာများကို ပေးတယ်၊ 
တစ်ချို့က ပစ္စည်းဥစ္စာ ဗဟိဒ္ဓအရာဝတ္ထုများကို ယူကြတယ်၊
တစ်ချို့က မေတ္တာကို ပေးတယ်၊ တစ်ချို့က မေတ္တာကို ယူတယ်၊
တစ်ချို့က သနားကြင်နာမှုကို ပေးတယ်၊ တစ်ချို့က ကြင်နာယုယမှုကို ယူတယ်၊
တစ်ချို့က ချစ်ခင်မြတ်နိုးမှုကို ပေးတယ်၊ တစ်ချို့က ချစ်ခင်မြတ်နိုးမှုကို ယူတယ်၊
တစ်ချို့က လောကကောင်းကျိုးတွေကို ပေးတယ်၊ တစ်ချို့က လောကကြီးဆီက ရသမျှ 

ညှစ်ထုတ်ယူကြတယ်၊ 
တစ်ချို့ ------ ပေးတယ်၊ တစ်ချို့က  ----- ယူတယ်၊
ပေးတယ်၊  ယူတယ်၊ စသည်ဖြင့် 
အမျိုးစုံ ပေးပြိး ၊ အမျိုးစုံ ယူနေကြတဲ့သူတွေ  ချည်းပါပဲ၊
ဒါကြောင့် ခြုံပြီးပြောရမယ်ဆိုရင် ပေးသူ ယူသူ နှစ်မျိုးပဲ ရှိတယ်လို့ ထင်ပါတယ်၊ 
ပေးတဲ့သူဖြစ်ရင် ကောင်းပေမဲ့၊ ယူတဲ့သူဖြစ်နေရင် ယူထားတာတွေကို ပြန်လည် ပြိး 

အကြွေးဆပ်ရမယ်၊ ဒါထုံးစံပါပဲ၊ 

ကိုယ်ကိုယ်တိုင်လဲ ပေးတဲ့သူဖြစ်လိုက်၊ ယူတဲ့သူဖြစ်လိုက် ၊
တကယ်တန်းတော့ ပေးတဲ့သူပဲ ဖြစ်ချင်ပါတယ်၊
ဒါပေမဲ့ အများအားဖြင့်တော့ ယူနေရတာ များတယ်လို့ ထင်ပါတယ်၊
အဲဒီလို အယူများနေတဲ့ဘ၀မှာ အကြွေးပိပြီး ကိုယ့်ရဲလိပ်ပြာလေး မြင့်မြင့်ပျံနိုင်ပါ့မလား လို့လည်း စိုးရိမ်မိတယ်၊ 
ဒါကြောင့် ကိုယ့်လိပ်ပြာလေး အတောင်ဖြန့်ပြိး မြင့်မြင့်ပျံနိုင်ဖို့ 

အကြွေးကင်းကင်းနဲ့ ပေါ့ပေါ့ပါးပါးလေး ပျံတက်နိုင်ဖို့  ဒီလိပ်ပြာဆိုတဲ့ ကဗျာလေးကို
ကိုယ့်ကိုယ်ကို သတိပေးတဲ့အနေနဲ့ နှလုံးသားထဲမှာ အမှတ်တရ ရှိနေမိတယ်၊


 လိပ်ပြ 

 ပေးဖို့......အားမွေး

တွေးတောချင့်ချိန်..
စိတ်မငြိမ်..။

ယူဖို့...စဉ်းစား
များများမကြာ.....
အရသာ..။

ပေးမှု...ယူမှု
သည်နှစ်ခုမှာ...၀န်တာမမျှ
သဘာဝကို...ကျနပိုင်းစစ်
သည်အဖြစ်၏..အရှိအမှန်...
တန်ဖိုးမွန်နှင့်....ကြွေး၏၀န်ကို
ဖန်ဖန်တွေးတော..စိတ်ဝယ်မောသည်
စိတ်ဇောလိပ်ပြာ...သံသရာမှာ
ဝါဂွမ်းလေးလိုပေါ့ချင်ပြီ...။

thethninswe  (popa)