ဝံသော ၀ိသာလောဝ ယထာ ၀ိသတ္တော၊
ပုတ္တေသု ဒါရေသု စ ယာ အပက္ခာ။
ဝံသော ကဠီရောဝ အသဇ္ဇမာနော၊
ဧကော စရေ ခဂ္ဂ၀ိသာဏကပ္ပေါ။
(ပစ္စေကဗုဒ္ဓအပဒါန်၊၁၊
နှာ-၁၀၊)
ကြိးမားသော ၀ါးရုံကြီးသည်
တစ်ပင်နှင့်တစ်ပင် ငြိကပ်ရူပ်ထွေး၍ နေသလိုပါပဲ၊
သားတွေ သမီးတွေ(မိဘဆွေမျိုး၊
သူငယ်ချင်းမိတ်ဆွေအပေါင်းအသင်းတွေ)အပေါ် တွယ်တာသော
သံယောဇဉ်ချစ်ခြင်းတရားတွေက
သံယောဇဉ်ချစ်ခြင်းတရားတွေက
မိမိတို့ရဲ့အပေါ်မှာ
ငြိကပ်ရူပ်ထွေးတွယ်တာလျှက်
တည်ရှိ၏။
ဝါးရုံအလယ်မှာပေါက်သော ထွက်သစ်စ ၀ါးမျှစ်တို့သည်
မည်သည့်ဝါးပင်နှင့်မျှ မငြိမတွယ်ပဲ တည်ရှိနေသလို
မည်သူ့ကိုမှ မတွယ်တာ မငြိကပ်မိအောင်
ကြံ့ချိုပမာ တစ်ယောက်ထည်းသာ နေနိုင်ရာ၏။
(ပစ္စေကဗုဒ္ဓအပဒါန်၊
)
ဒီဂါထာလေးက ပစ္စေကဗုဒ္ဓါတစ်ပါးရဲ့ ရင်းတွင်းဖြစ် အမြူတေလေးပါ၊
ဒီဂါထာလေးကို ကြည့်ပြိး မိမိတို့လည်း အရှုပ်ထဲမှာ ရှင်းအောင်နေနိုင်ဖို့
ကြိုးစားရအုံးမယ်။
ဒါပေမဲ့ အရှုပ်ထဲမှာ ရှင်းအောင် နေရင်းကကို ပိုရှုပ်ရှုပ်သွားတာ
ခက်လှတယ်၊
အဲဒီလို ခက်လေ၊
ဒီလောက်ရှုပ်တဲ့လောကကြီးထဲမှာ
ရှင်းအောင်နေတဲ့သူတွေကို ပိုပြီး ကြည်ညိုမိလေပေါ့၊
This comment has been removed by the author.
ReplyDelete