ပဟာသ၀ဉ္စနာ
မုဒိတာပတိရူပေန ပဟာသော ၀ဉ္စေတိ၊
ဟူသော နေတ္တိအဋ္ဌကထာ(၉၀)နှင့် အညီ မုဒိတာ ဟန်ဆောင်၍ မြူးတူးရွှင်ပြခြင်း ပဟာသတရား လှည့်ဖြားတတ်သည်။
နှလုံးမြူးတူးခြင်း၊ လောဘမူသောမနဿ
ပဟာသတရားကို မုဒိတာဗြဟ္မ၀ိဟာရတရား မှတ်တတ်သည်၊
ပဟာသကား သူတပါးချမ်းသာ၌ သာယာခြင်း
အဿာဒလက္ခဏာရှိသည်၊ မုဒိတာကား သူတပါးချမ်းသာ၌ မငြူစူခြင်းကြည်သာခြင်း လက္ခဏာရှိသည်၊
ပဟာသကား ပူပန်ခြင်း ကိလေသာသဘောနှင့်တကွ
နှလုံးမြူးတူးခြင်းကိစ္စရှိသည်၊ မုဒိတာကား နှလုံးချမ်းမြေ့ခြင်း အဒေါသမေတ္တာသဘောနှင့်တကွ
ဝမ်းမြောက်ခြင်းပါမောဇ္ဇကိစ္စရှိသည်။
ပဟာသကား သူတပါးတို့ ရာဂတဏှာပွားကြောင်း
မကောင်းသောလည်း ကြည်ညိုဖွယ်မကောင်း သော ကိုယ်နှုတ်အမူအရာတို့ကို ဖြစ်စေခြင်း ပစ္စုပဋ္ဌာန်ရှိသည်၊
မုဒိတာကား သူတပါးတို့ ချမ်းမြေ့ ကြည်သာ မေတ္တာပွားကြောင်း ကောင်းသောကိုယ်နှုတ်အမူအရာ
ပါသာဒိကဘာဝကို ဖြစ်စေခြင်း ပစ္စုပဋ္ဌာန်ရှိသည်။
ပဟာသကား အ၀ိဇ္ဇာပမာဒတရားလျှင်
ပဒဋ္ဌာန်ရှိသည်၊ မုဒိတာကား မငြူစူခြင်း အနဿုကီ အမစ္ဆရီဘာဝလျှင် ပဒဋ္ဌာန်ရှိသည်၊ ဤကား အထူးတည်း၊
မှတ်ချက်။ ။ ပဌမအစတော့ ရိုးရိုးဝမ်းမြောက်ရာမှ ရွေ့လျောပြိး
မြူးတူးရွှင်ပျခြင်း သဘောသို့ ပြောင်းသွားတတ်လေသည်၊
ပဌမရွှေကျင်ဆရာတော်ဘုရားကြီး၏
ဝဉ္စနာဒီပနီ --မှ
No comments:
Post a Comment