ပန်းများ လှသလို လူ့ဘ၀သည်လည်း လှပါ၏။
ပန်းများမွှေးသလို လူ့ဘ၀သည်လည်း မွှေးပါ၏။
လှသော မွှေးသောပန်းများကို လောက၌
ထိုက်ထိုက်တန်တန် အသုံးချ၍ ရသလို
လှသော မွှေးသောလူ့ဘ၀ကိုလည်း
ထိုက်ထိုက်တန်တန် အသုံးချ၍ ရပါ၏။
ဘုရားတင်၍ ပူဇော်ခြင်းဖြင့် ပန်းများကို
လောက၌ ထိုက်ထိုက်တန်တန် အသုံးချသလို
လောကအတွက် ပူဇော်ခြင်းဖြင့် မိမိတို့၏ဘ၀ကို
ထိုက်ထိုက်တန်တန် အသုံးချ၍ ရပါ၏။
(ဓမ္မပဒ၊ ပုပ္ဖ၀ဂ်၊
) ဦးရွှေအောင်
No comments:
Post a Comment