မိမိနဲ့ခင်မင်ရင်နှီးသောမိတ်ဆွေစာရေးဆရာသူငယ်ချင်းဆရာတော်တစ်ပါးရဲ့ကဗျာလေးပါ။
(သင်သိငါသိအားလုံးသိ)
သင့်အကြောင်းကိုသင့်ခေါင်းထဲကသိပါ၏။
သင့်ကိုစောင့်ကြတ်ကိုယ်စောင့်နတ်လည်း
ပြတ်ပြတ်သားသားသိပါ၏။
နတ်တို့သနင်းသိကြားမင်းလည်း
ရှင်းရှင်းလင်းလင်းသိပါ၏။
ငရဲသနင်းယမမင်းလည်း
ကွင်းကွင်းကွက်ကွက်သိပါ၏။
ဈာန်အဘိညာဉ်တန်ခိုးရှင်လည်း
ထင်ထင်ရှားရှားသိပါ၏။
မြင်မြင်သမျှလူနတ်ကလည်း
ဂဃနဏသိပါ၏။
လိမ်ညာမရဤလောက၀ယ်
ဓမ္မလမ်းစဉ်လျှောက်လှမ်းချင်က
အသင်ပြုပြင်နိုင်သေး၏။ ။
အရှင်နိမ္မလနတ်မောက်ဘုန်းနွယ်
No comments:
Post a Comment