ဓမ္မရေးရာ အတွေးစများ၊ ကဗျာများ၊ ကြိုက်နှစ်သက်ရာ မှတ်တမ်းဓာတ်ပုံများ၊ ဖတ်ခဲ့ဖူးသော စာများထဲမှ နှစ်သက်ရာ စာ ကဗျာများနှင့် အတွေးအခေါ်များကို မှတ်တမ်းသဘော မျှဝေ တင်ပြထားပါသည်

Sunday, August 19, 2012


ရဲခဲ့သည်ပါ့

မြစ်တန်းမှာတဲ့ လေကြမ်းဆင်၊
ထန်လိုက်လေ လေမုန်တိုင်း
လှိုင်းက ဘောင်ဘင်။
တစ်လှိုင်းထွက် တစ်လှိုင်ဝင်၊ ဗေဒါခင် ဖြစ်နဲ၊
ရေလှိုင်းဗလပွေနဲ့
မုန်တိုင်းလေ ရေတရိုးမှာ၊ စိုးရွံ့မှာပဲ။
မြစ်ရိုးမှတဲ့ မိုးသက်ဆင်၊
လျှပ်ကြိုးပျံ မိုးသံထစ်၊ မိုးစစ်ဘုရင်၊
မိုးညစ်လို့ မိုးမမြင်၊ ဗေဒါခင် ဖြစ်နဲ၊
ရေလှိုင်း ဗလပွေနဲ့
မိုးသက်လေ ရေတရိုးမှာ၊ စိုးရွံ့မှာပဲ။
စိုးမရွံ့ တွန့်မတုန်၊
မိုးနှင့်လေ ရေရှုပ်ထွေး၊ ရွေးမျှမဖြုံ၊
ဆန်လိုက်ပြန်တုံ၊ စုံလိုက်ပြန်ရ၊
ခေါက်ပေါင်းမရေနိုင်လို့
ဗေဒါခိုင် သည်မြစ်ထဲ ရဲခဲ့သည်ပါ့။      

                                                ဇော်ဂျီ။

No comments:

Post a Comment