ဓမ္မရေးရာ အတွေးစများ၊ ကဗျာများ၊ ကြိုက်နှစ်သက်ရာ မှတ်တမ်းဓာတ်ပုံများ၊ ဖတ်ခဲ့ဖူးသော စာများထဲမှ နှစ်သက်ရာ စာ ကဗျာများနှင့် အတွေးအခေါ်များကို မှတ်တမ်းသဘော မျှဝေ တင်ပြထားပါသည်

Wednesday, August 22, 2012

သံသရာ


သံသရာ
ကိလေသာအပြည့်  ခန္ဓာရှိက
နိဗ္ဗာနစကား လာမကြွားနဲ့
အမှားတွေပုံ ဤလူ့ဘုံဝယ်
အာရုံတစ်ခု လွဲချော်မှုကြောင့်
တစ်ဖြောင့်တည်းလမ်း ခရီးကြမ်းဟာ
ပါယ်လေးရွာသို့ ခါခါပို့၏။
တရားမမှီ မကြည်မလင်
ပုထုဇဉ်မို့ အိပ်ရင်လဲမှောင်
နိုးတော့မှောင်နှင့် အမှောင်သံသရာ
လွတ်ရာမရှိ သောကဖိ၏။
အကောင်းအာရုံ မကပ်တုံကြောင့်
အသိစုံကင်း ဥာဏ်မလင်း၍
မှောင်းခြင်းတရား ခါခါ ပွားမိ
မှောင်သည့်အမှောင် ဥာဉ့်သန်းခေါင်သို့
မြင်အောင်မပြု ကန်းအောင် ပြု၏။
မှောင်အတိကျ ဘာမှမမြင်
ပုထုဇဉ်ဘ၀ ဘုံကလဲရှုပ်
အာရုံရှုပ်ပြန် အခံအ၀ိဇ္ဇာ
ရံ တဏှာကြောင့် ခန္ဓာဗရပွ
ဖန်ခါရ၏။      

                             သုဝီရ

No comments:

Post a Comment