အရှင်နိမ္မလနတ်မောက်ဘုန်းနွယ်ရဲ့နောက်ထပ်ကဗျာလေးတစ်ပုဒ်လည်းထပ်ပြီးပေးချင်ပါသေးတယ်၊
စံပြပုဂ္ဂိုလ်
ဣနြေ္ဒသိက္ခာကောင်းမွန်ရာတွင်
ဆရာသည်ကားတပည့်များ၏
စံပြပုဂ္ဂိုလ်ဖြစ်ဖို့လို၏။
မိဘသည်ကားသမီးသား၏
စံပြပုဂ္ဂိုလ်ဖြစ်ဖို့လို၏။
အစ်ကိုကြီးကားညီညီမများ၏
စံပြပုဂ္ဂိုလ်ဖြစ်ဖို့လို၏။
အစ်မကြီးကားမောင်ညီမများ၏
စံပြပုဂ္ဂိုလ်ဖြစ်ဖို့လို၏။
လူကြီးသည်ကားလူငယ်များ၏
စံပြပုဂ္ဂိုလ်ဖြစ်ဖို့လို၏။
ခေါင်းဆောင်သည်ကားနောက်လိုက်များ၏
စံပြပုဂ္ဂိုလ်ဖြစ်ဖို့လို၏။
စံပြပုဂ္ဂိုလ်ရိပ်မှီခိုရ
ထိုထိုလူသားချမ်းသာများသည်
ကြီးပွားတိုးတက်ရပေ၏။ ။
အရှင်နိမ္မလနတ်မောက်ဘုန်းနွယ်
No comments:
Post a Comment