ဘဇန္တိ သေ၀န္တိ စ ကာရဏတ္ထာ၊
နိက္ကာရဏာ ဒုလ္လဘာ အဇ္ဇ မိတ္တာ။
အတ္တတ္ထပညာ အသုစိမနုဿာ၊
ဧကော စရေ ခဂ္ဂ၀ိသာဏကပ္ပေါ။
ယနေ့ခေတ်လူတွေဟာ
မိမိရဲ့ကိုယ်ကျိုးကိုယ့်စီးပွားအတွက်သာ
အခြားတစ်စုံတစ်ဦးကို
မှီဝဲဆည်းကပ်ပေါင်းသင်းဆက်ဆံကြတာ၊
မိမိကိုယ့်ကျိုးစီးပွားအတွက်
အသုံးချမရတဲ့သူတွေကို
ပေါင်းသင်းဆက်ဆံလေ့မရှိပါဘူး။
လူညစ်ပတ်တွေက
ကိုယ့်ကျိုးစီးပွားအတွက်အသုံးချဖို့လောက်သာ
ကြည့်မြင်တတ်တဲ့ပညာ ပေါကြွယ်ဝကြတယ်။
ဒီလိုမသန့်တဲ့လူတွေပေါလှတဲ့
ငြီးငွေ့စရာလောကကြီးထဲမှ ခွါ၍
ကြံ့ချိုပမာ တစ်ယောက်ထဲသာ နေထိုင်ရာ၏။
ပစ္စေကဗုဒ္ဓါအပဒါန်၊ နှာ-၁၅
ဒီဂါထာလေးကို ကြိုက်လို့ မျှဝေလိုက်ပါတယ်
ယနေ့ခေတ်ထဲမှာ လူအများစု(အများစု)ဟာ ကိုယ့်အတွက် အကျိုးတစ်စုံတစ်ရာပြုလုပ်ပေးနိုင်းစွမ်းမရှိတဲ့သူဆိုရင်
ဘုန်းကြီးဖြစ်ဖြစ်၊ လူဖြစ်ဖြစ် ဘယ်သူ့ကိုမှ အပေါင်းအသင်းမလုပ်ချင်ကြပါဘူး၊
ကိုယ့်အတွက် လောကီစီးပွားတိုးတက်အောင်လုပ်ပေးတဲ့သူမှသာ
အဟုတ်ကြီး မှတ်ထင်ကြတာ၊ အနဲဆုံး မိမိရဲ့ လူမှုရေးကိစ္စတွေ ကူညီလုပ်ကိုင်ပေးတဲ့သူကိုသာ
အထင်းကြီးလေးစားကြတာ၊
အခြားသူတွေ သီလ၊ သမာဓိ၊ ပညာသိက္ခာတွေ ဘယ်လောက်ပဲ
ရှိနေပါစေ၊ ဘယ်လောက်ပဲ တော်နေ၊ တတ်နေပါစေ မိမိရဲ့လူမှုရေးကိစ္စတွေကို ကူညီလုပ်ပေးတဲ့သူ
တစ်ယောက်လောက် တောင် တန်ဖိုးထားလေးစားမှု မရှိကြပါဘူး။
ဒီလိုမျိုး ’’ ဒီလူ့ဆီက ဘာအကျိုးအမြတ်ရနိုင်မလဲ၊ ဒီလူ့ကို
ဘယ်လိုအသုံးချလိုက်ရမလဲ၊’’ စသည်ဖြင့် သိသိသာသာရော၊
မသိမသာရော ကိုယ့်ကျိုးစီးပွားအတွက်ကြည့်ပြီး ဆက်ဆံတဲ့သူတွေကို (အသုစိမနုဿ-လူညစ်ပတ်၊
လူ့မသန့်ရှင်းမဖြူစင်တဲ့သူ)တဲ့၊
ဒါကြောင့် မိမိလဲပဲ အားလုံးကို တန်းတူသဘောထားပြီး ဆက်ဆံပေါင်းသင်းနိုင်အောင်
အများကြီး လေ့လာကျင့်ကြံနေထိုင်ရအုံးမယ်၊ အဲဒီလို အသုစိမနုဿမဖြစ်အောင် သတိထားပြီးနေရအုံးမယ်၊
ဒီအသုစိမနုဿဆိုတာတဲ့ အသုံးအနှုံးလေးကို ကြိုက်လို့ မျှဝေလိုက်ပါတယ်၊
No comments:
Post a Comment