မိမိခပ်ငယ်ငယ်က ရေးခဲ့ဖူးသော
ကဗျာလေးတစ်ပုဒ်နဲ့
မိတ်ဆက်ဖော်ပြလိုက်ပါတယ်။
ဘာသာသွေးမဂ္ဂဇင်းမှာ
ပါခဲ့ဖူးတာပါ။
``တဏှာတောတန်း``
စိုပြေစိမ်းလန်း
တောတန်းတစ်ခု
အမောင်ရူလော။့
စိမ်းသည်နှင့်မျှ
ဘယထူပြော
တဏှာတောတန်း
မဖြတ်သန်းနှင့်။
တောနဲ့ဝေးရာ ရပ်ဒေသာသို့
တောနဲ့ဝေးအောင် သတိဆောင်၍
အမောင်ချစ်သား
နေ ထိုင် သွား
လော။
သုဝီရ။
ဝနံ ဆိန္ဒထ မာ ရုက္ခံ
-ဆိုတဲ့ ဂါထာလေးကို ကြည့်ပြိးတော့ တွေးမိထားတဲ့အတွေးလေးတွေကို ကဗျာအဖြစ် ပြောင်းလဲ
ရေးသားလိုက်တာပါ၊ ၀နံ ဆိန္ဒထ မာ ရုက္ခံ-ဆိုတာ
သစ်ပင်တွေကို မခုတ်လှဲပါနဲ့ မိမိအဇ္ဈတ္တမှာ ဖြစ်နေတဲ့ ကိလေသာတောတွေကိုသာ ခုတ်ထွင်ရှင်းလင်းပြစ်ပါ၊
ဆိုတဲ့ စကားလေးကို ကဗျာသီထားတာပါ။
No comments:
Post a Comment