ဓမ္မရေးရာ အတွေးစများ၊ ကဗျာများ၊ ကြိုက်နှစ်သက်ရာ မှတ်တမ်းဓာတ်ပုံများ၊ ဖတ်ခဲ့ဖူးသော စာများထဲမှ နှစ်သက်ရာ စာ ကဗျာများနှင့် အတွေးအခေါ်များကို မှတ်တမ်းသဘော မျှဝေ တင်ပြထားပါသည်

Thursday, January 24, 2013

ဘဝဆိုတာ ရေပြင်ပေါ်က ကြာရွက်ပမာ

ဘဝဆိုတာ ရေပြင်ပေါ်က ကြာရွက်ပမာ

တစ်ချို့တစ်ချို့က
ကိုယ်ရောက်ရှိနေတဲ့နေရာကို
အဟုတ်ကြီး ထင်ပြီး
ဘဝင်မြင့်နေတတ်ကြတယ်။

တစ်ချို့တစ်ချို့က
ကိုယ်ရရှိပိုင်ဆိုင်ထားတာလေးကို
ပျက်စိးပျောက်ကွယ်မှုမရှိ ခိုင် မြဲတယ်ထင်ပြီး
အေးအေး ဆေးဆေးဖြစ်နေတတ်ကြတယ်။

တကယ်တော့
ကိုယ်ရောက်ရှိ၊ ပိုင်ဆိုင်နေတဲ့ ဘဝဆိုတာ
ရေပြင်ပေါ်က ကြာရွက်တစ်ခုလိုပဲ
အချိန်မရွေး အကြောင်းမရွေး
ပျက်စီး ပျောက်ပျက်နိုင်တယ် ။

ဒါကြောင့်
ကိုယ့်ကိုကိုယ် အဟုတ်ကြီးထင်ပြီးလည်း
ဘဝင်မြင့်မနေနဲ့။
ဘယ်တော့မှ မပျက်စီးတော့မဲ့အတိုင်းလည်း
အေးအေးဆေးဆေး မနေနဲ့။

နောက်ကြာရွက်တစ်ခုဆီကို ခုန်ကူးဖို့
အဆင်သင့်ပြင်ထား
ဘယ်ကြာရွက်ဆီကို သွားမလဲ
ကိုယ်ရွေးထားတာ ကြာရွက်ဆိုတာလည်း
မမေ့နဲ့အုံး။


အရှင်သုဝီရ (မဟာဂန္ဓာရုံ)


No comments:

Post a Comment