သံယောဇဉ်
သံဝေဂ
သံယောဇဉ်
နှောင်အဖွဲ့တွေကြောင့်
ရှောင်မဖဲ့သာပြီ၊
နောင်တလှည့်
ခါမှီအောင်
ပါရမီ
ဖြည့်ရေး။
ခုတိုင်းဖြင့်
ခက်သေးပါသည်
နက်လေးစွာ
တွေး မ၀ံ့သေး…။
တွင်းအပြင်
ရစ်ပတ်နှောင်သည်
လစ်လပ်ပေါင်
ဒုဒေး၊
မြစ်ပြတ်အောင်
သူ့အရေးဟာက
ခုမသေး
ကြီးကျယ်။
နက်သံသာ
ဟိုတစ်ဝိုက်ဆီက
လိုအလိုက်
ပြုခဲ့မိတယ်။
ခုကမှ
မရှောင်ပယ်လျင်
နောင်တကယ်
ဧကန်ခက်ပါလိမ့်
ခေမံဘက်
ကူးဖို့ကြံလျင်
ထူးလို့
ဥာဏ်ဆင်။
သံယောဇဉ်
ယင်းအမျှင်ကို
တွင်းအပြင်
ဖြတ်အုံးကွဲ့လေး……။ ။
No comments:
Post a Comment