သံသရာ
သစ်ငုတ်တို
အမြင်မှန်
ရှုမဆ
လူ့ဘဝ
ခင်တွယ်၊
သမုဒယ
မျှင်တနွယ်
မစင်ကြယ်
ရှုပ်ထွေး။
လျှပ်တပြက်
တစ်ကြိမ်လာသလို
အချိန်မှာ
တိုတောင်းလှသေး။
ခံစားမှု
စည်စိမ်ဟာ
ငြီးထိန်စွာ
မြူအေး၊
မီးရှိန်လာ
အပူပေးသည်သို့
နမူပေး
တူစွာ။
ဒုက္ခတွေ
အထင်ရှားပေမင့်
အမြင်မှား
မှား၍တွယ်တာ။
လူ့ဘဝ
ဝဋ်နန်းချာမှာ
ကျွတ်လမ်းရှာ
ဇွတ်ရှောင်ရုန်းချင်ဘူ့၊
ဝဋ်နှောင်ထုံး
ဝဋ်ကြွေးငယ်တင်
လွတ်ရေးရယ်
မမြင်။
သမုဒယ
သံယောဇဉ်ကို
ဥာဏ်ဇောယှဉ်
ဖြတ်နိုင်ဘူးကွဲ့လေး….။ ။
No comments:
Post a Comment