လက်ဆောင်
ကမ္ဘာမြေထဲ
ရနံ့အထွေထွေနဲ့
ကာလာစုံ ပန်းပွင့်များ
နေလို လလို လက်နေကြ။
မျိုးစေ့မှန်ရင် အပင်သန်တယ်
ဒါ.....ဆိုရိုးထဲက ဆိုရိုး
ဘယ်သို့ပင် ဆိုဆို
ခက်မဆိုတာ
ပင်စည်ကနေ ရှင်သန်လာရတာ။
သဘာဝတွေရဲ့
လှုပ်ခတ်သံကို နားစွင့်ပြီး
မူလေးတစ်ချက်မျှ မပျက်စေလို
အပင်မြင့်လို့ လေပိုသင့်ခဲ့တာ
အဆန်းမဟုတ်ခဲ့ဘူး။
သေချာတာတစ်ခုကတော့
အရှိန်ဟာ အချိန်ထဲမှာ
ရှိနေတယ်ဆိုတာပဲ.....။
ညီသား
မဟာဂန္ဓာရုံမဟာနာယကချုပ်ဆရာတော်၏ သက်တော်ရှစ်ဆယ်ပြည့် အထိမ်းအမှတ်
စာစောင်မှ-
No comments:
Post a Comment