"သုံးဖြာရတနာ"
ဆယ်ပါးပါရမီ
ဖြည့်ကျင့်ညီလျှက်
စည်းစိမ်ဥစ္စာ ချွေရံသာနှင့်
သင်္ချေလေးဖြာ ကမ္ဘာတစ်သိန်း
ခပ်သိမ်း ပယ်စွန့် .. ကျင့်ကြံဝံ့သည် ..
ဗုဒ္ဓမြတ်စွာ မည်သောကြောင့် ...။
အမှားပယ်ဖျောက်
အမှန်ရောက်ရေး
ဥာဏ်နှင့်တွေးချင် ကျွတ်တန်းဝင်၍
လူနတ်ဗြဟ္မာ သတ္တ၀ါတို့
ချမ်းသာဖို့ဆေး ..အမြိုက်ပေးသည်
တရားဓမ္မာ မည်သောကြောင့် ...။
ဘုရားအမွေ
သာသနာ့ရွှေစစ်
ဓမ္မနှစ်ကို လက်ဆင့်သယ်ဆောင်
လောကဘောင်သို့
ပူဇာနေယျ ပေးဝေငှသည် ...
ရှင်မြတ်သံဃာ မည်သောကြောင့် ...။ ။
နန်းအသင်္ခယာ
(ကျမ ငယ်ငယ်တည်းက ဘုရားနဲ့ပတ်သက်တဲ့ ဂုဏ်တော်လေးတွေ တရားဂုဏ်တော်လေးတွေကို သဘောကျတိုင်း ကဗျာလင်္ကာလေးတွေ ဖွဲ့တတ်ပါတယ်။ ကျမ ကဗျာလေးတွေဟာ ရတနာသုံးပါးရဲ့ ဂုဏ်နဲ့ယှဉ်လိုက်ရင် မနှိုင်းသာအောင် သေးငယ်
ပေမယ့်လည်း ၃၁ ဘုံသားများအားလုံးအတွက် တူညီသော မေတ္တာကို ပို့သရင်း ဒီကဗျာ
လေးကိုရေးလိုက်ပါတယ်။ ခုနစ်ရက်သားသမီးအပေါင်းနှင့် ကျမကို ချစ်သူ မုန်းသူများ
အားလုံး နှလုံးစိတ်ဝမ်း ငြိမ်းချမ်းကြပါစေ ...)

No comments:
Post a Comment