ဘ၀ဆည်းဆာ မိုးချုပ်၍လာ
၁။ အများမုန်းစရာပ၊
ခါးကုန်းလို့ ဆံကေဖြူ။
၂။ အသက်ကြီးပြန်တော့
ပျက်စီး ကိုယ်ခန္ဓာက
အိုဒဏ်နာ ရန်ရှာချက်ကယ်ကြောင့်
ခွေယိုင်ကာ နေထိုင်ခက်လှတယ်
နှောက်ယှက် ဘေး ထူ။
၃။ မကြားပါ နားမှာ
လေးတဲ့ပြင်
အားမပါ သွားလာနှေးပါဘိ
ဝါးတောင်ဝှေး ဖေးတွယ်ကူ
ရှေးငယ်မူနှင် လွန်ကွာဝေး။
၎။ အရိုးပဒေသာ အဘိုးဝေဒနာက
လေအလာ ကြွေကာ သက်ရှာမယ့်
နွေအခါ ရွှေဝါရွက်လိုပ
မြေအလွှာ ခွေကာ စက်တော့မည့်ထင့်
ချောင်း တဟက်ဟက်ကယ်နှင့်
အပြောင်းခက်ပါဘိ၊
(အို ကွယ်) စောင်းလျက် မှိတ်မှေး။
No comments:
Post a Comment