ကိုးဂုဏ်ပွားရ၊ မြတ်ဖလ မှတ်ကြပါလေ ကိုးမျိုးပေ
၁။ အရဟံမှာ၊ အသရေဖြာ၊ ပမာတက်နေ၊ လက်လက်ဝေ၊
၂။ သမ္ဗုဒ္ဓ၀ယ်၊ ကောင်းဥာဏ်ကြွယ်၊ တင့်တယ်လှပေ၊ ပြည့်ဖြိုးဝေ၊
၃။ ကြံသမျှအောင်၊ ၀ိဇ္ဇာဆောင်၊ ဂုဏ်ရောင်မြူးပေ၊ ပွားကျိုးပေ၊
၎။ ပြုသမျှမှာ၊ အမှုသာ၊ သုဂတာပေ၊ ပွားကျိုးပေ၊
၅။ ကြံစည်သမျှ၊ ပြီးစီးရ၊ လောက၀ိဒေ၊ ပွားကျိုးပေ၊
၆။ ဆိုးနတ် လူပင်၊ ချစ်ကြွမ်းဝင်၊ ဂုဏ်အင် အနုတ္တရေ၊ ပွားကျိုးပေ၊
၇။ နတ်လူများစွာ၊ ကူမလှာ၊ သတ္ထာဒေဝေ၊ ပွားကျိုးပေ၊
၈။ ဒေသနာဥာဏ်၊ ကွန့်မြူးပြန်၊ ဗုဒ္ဓံဂုဏေ၊ ပွားကျိုးပေ။
၉။ တော်လှန်မှုရှင်း၊ ပုန်ကန်ကင်း၊ ဂုဏ်မင်း ဘဂဝေ၊ ပွားကျိုးပေ၊