ဓမ္မရေးရာ အတွေးစများ၊ ကဗျာများ၊ ကြိုက်နှစ်သက်ရာ မှတ်တမ်းဓာတ်ပုံများ၊ ဖတ်ခဲ့ဖူးသော စာများထဲမှ နှစ်သက်ရာ စာ ကဗျာများနှင့် အတွေးအခေါ်များကို မှတ်တမ်းသဘော မျှဝေ တင်ပြထားပါသည်

Monday, January 28, 2013

ကိုးဂုဏ်ပွားရ၊ မြတ်ဖလ မှတ်ကြပါလေ ကိုးမျိုးပေ



ကိုးဂုဏ်ပွားရ၊ မြတ်ဖလ မှတ်ကြပါလေ ကိုးမျိုးပေ

၁။ အရဟံမှာ၊ အသရေဖြာ၊ ပမာတက်နေ၊ လက်လက်ဝေ၊
၂။ သမ္ဗုဒ္ဓ၀ယ်၊ ကောင်းဥာဏ်ကြွယ်၊ တင့်တယ်လှပေ၊ ပြည့်ဖြိုးဝေ၊
၃။ ကြံသမျှအောင်၊ ၀ိဇ္ဇာဆောင်၊ ဂုဏ်ရောင်မြူးပေ၊ ပွားကျိုးပေ၊
၎။ ပြုသမျှမှာ၊ အမှုသာ၊ သုဂတာပေ၊ ပွားကျိုးပေ၊
၅။ ကြံစည်သမျှ၊ ပြီးစီးရ၊ လောက၀ိဒေ၊ ပွားကျိုးပေ၊
၆။ ဆိုးနတ် လူပင်၊ ချစ်ကြွမ်းဝင်၊ ဂုဏ်အင် အနုတ္တရေ၊ ပွားကျိုးပေ၊
၇။ နတ်လူများစွာ၊ ကူမလှာ၊ သတ္ထာဒေဝေ၊ ပွားကျိုးပေ၊
၈။ ဒေသနာဥာဏ်၊ ကွန့်မြူးပြန်၊ ဗုဒ္ဓံဂုဏေ၊ ပွားကျိုးပေ။
၉။ တော်လှန်မှုရှင်း၊ ပုန်ကန်ကင်း၊ ဂုဏ်မင်း ဘဂဝေ၊ ပွားကျိုးပေ၊

အမရပူရ၊ မဟာဂန္ဓာရုံကျောင်းတိုက်၊ မဟာနာကချုပ်ဆရာတော် ၏  အထွေထွေမှတ်စု -- မှ

(သံသရာခရီးသွားများအတွက် အဖော်ကောင်း )



(သံသရာခရီးသွားများအတွက် အဖော်ကောင်း )

သဒ္ဓါဟူငြား၊ ဤတရားလည်း၊ လမ်းသွားသံသရာ၊ သတွာ၏၊ လူ့ရွာ နတ်ဌာန်၊ နိဗ္ဗာန်ထုတ်ချောက်၊ အဆုံးရောက်အောင်၊ ချီးမြောက်ဥပ နိဿယဖြင့်၊ မ စ မကွာ၊ လိုက်၍သာလျှင်၊ ကလျာဏစစ်၊ ခင်ပွန်းချစ်သို့၊ ဖြစ်ဖြစ်သမျှ၊ ဘ၀ထိုထို၊ ရတိုင်းကိုယ်၌၊ အလိုရှိရာ၊ ပေးတတ်စွာ၏။
                                                                          (မဃဒေ၀-၂၆၅)
သဒ္ဓါ ဒုတိယာ ပုရိသဿ ဟောတိ,
                              နော စေ အဿဒိ္ဓယံ အ၀တိဋ္ဌတိ၊
                              ယသော စ ကိတ္တိ စ တတွဿ ဟောတိ,
                              သဂံ္ဂ စ သော ဂစ္ဆတိ သရီရံ ၀ိဟာယ။
ယုံကြည်မှု သဒ္ဓါတရားသည် လူ့ရွာနတ်ထံ နိဗ္ဗာန်အထိ ရောက်ရှိလိုသော ပုဂိ္ဂုလ်အတွက် အဖော်ကောင်းဖြစ်၏။ ယုံကြည်ချက်မရှိမှု၌မသက်ရောက်ခဲ့ လျှင် (ယုံကြည်မှုသဒ္ဓါဓာတ်နှင့် ပြည့်စုံလျှင်)  သဒ္ဓါတရားကောင်းအဖော်အပေါင်းရှိသော ထိုပုဂိ္ဂုလ်မှာ အခြံအရံနှင့် အကျော်အစော (အချီးမွမ်းခံရမှု)သည် ဖြစ်ပေါ်လာ၏။ သေပြီးသည့်နောက်၌လည်း သုဂတိသို့ရောက်ရ၏။                                   
                                      ( သဂါထာဝဂ္ဂသံယုတ်မြန်မာဘာသာဋီကာ)

Saturday, January 26, 2013

ဘ၀ဆည်းဆာ မိုးချုပ်၍လာ



ဘ၀ဆည်းဆာ မိုးချုပ်၍လာ

၁။ အများမုန်းစရာပ၊
ခါးကုန်းလို့ ဆံကေဖြူ။

၂။ အသက်ကြီးပြန်တော့
ပျက်စီး ကိုယ်ခန္ဓာက
အိုဒဏ်နာ ရန်ရှာချက်ကယ်ကြောင့်
ခွေယိုင်ကာ  နေထိုင်ခက်လှတယ်
နှောက်ယှက် ဘေး ထူ။

၃။ မကြားပါ နားမှာ လေးတဲ့ပြင်
အားမပါ သွားလာနှေးပါဘိ
ဝါးတောင်ဝှေး ဖေးတွယ်ကူ
ရှေးငယ်မူနှင် လွန်ကွာဝေး။

၎။ အရိုးပဒေသာ အဘိုးဝေဒနာက
လေအလာ ကြွေကာ သက်ရှာမယ့်
နွေအခါ ရွှေဝါရွက်လိုပ
မြေအလွှာ ခွေကာ စက်တော့မည့်ထင့်
ချောင်း တဟက်ဟက်ကယ်နှင့်
အပြောင်းခက်ပါဘိ၊
(အို ကွယ်) စောင်းလျက် မှိတ်မှေး။

                          လှသိန်းဝင်း(ကနီ)

ဆံဖြူကြီးနဲ့ သုံးမ၀င်ပြီ



ဆံဖြူကြီးနဲ့ သုံးမ၀င်ပြီ

၁။ ရွတ်တွ ယွင်းယို ခွေယိုင်နွဲ့လို့
တွေမှိုင်သနဲ့ လက်ခြေတုန်၊
နေထိုင်မတဲ့ ရက်တွေကုန်ပြီ
သက် မသေရုံ ကျန်ပါတော့။

၂။ အရိုးခေါက်ခက် မှိန်တိမ်တိမ်ငယ်၊
ပိန်တလိန်လိန် အိုမင်းချေပေါ့နော့။

၃။ ရှုံ့တီး ရှုံ့တွ သားအရေ
 သွားအကြွေ အားတွေ မသန်ပျော့။

၎။ စားလေ ၀ါးလေ အန်တအော့နဲ့၊
တန်ပေါ့ မာန်လျော့ ဇရာကောင်။

၅။ တောင်ဝှေး လက်ကိုင် အဖော်နွဲ့နဲ့၊
ကချော်ကချဲ့ ယောင်တီးယောင်တောင်တောင်။

၆။ နတီး နတ ပိန်ချောင်ချောင်ငယ်၊
 မှိန်တမှောင်မှောင် အမြင်မှေးလို့၊
ဘ၀င်သွေးက ခုန်ဆွခုန်ဆွနေ၊
ကြုံမှ ကြုံရပလေ။

၇။ ရင်အုံချိုင့်လို့ ခါးကိုင်းချေပြီ၊
နားထိုင်းဝေတေ ယောင်ငေးမှိုင်လို့လေး။

၈။ ဆံဖြူကြီးနဲ့ သုံးမ၀င်တယ်၊
မုန်းချင်စဖွယ် လွန်ကောင်းပါဘိလေး။

                        (လယ်တီပဏ္ဍိတ ဦးမောင်ကြီး)

Thursday, January 24, 2013

ခေမာ

"ခေမာ"


ချည်နှောင်ထားတဲ့ကြိုးတစ်စ
သမုဒယတဲ့လား .. ခေမာ။

ရုန်းထွက်မရတာ သေချာသယောင်
အနတ္တကို ပုန်းရှောင်ခဲ့သူ ..ခေမာ။

ဖူးငုံပွင့်လျှမ်း
မာနနဲ့ လန်းဆန်းခဲ့တဲ့ .. ခေမာ။

ထားခဲ့ပါ .. ခေမာ။

အတ္တသစ်သီးကို ကိုက်ချီထားတဲ့
ကိလေသာငှက်တစ်ကောင်အတွက်
သံသရာစက်မှာ လည်ပတ်ပျံသန်း
မောပန်းရလိမ့်မယ် .. ခေမာ။

ပန်းမှန်သမျှ ပွင့်ဆဲခဏ လှကြတယ်။
လူမှန်သမျှ ရှင်ဆဲခဏ ပျော်ကြတယ်။
ပန်းတစ်ပွင့်လည်း ပွင့်ပြီးတဲ့နောက် .. ကြွေရတယ်။
လူတစ်ယောက်လည်း ရှင်ပြီးတဲ့နောက် ... သေရတယ်။

တုန်လှုပ်ခဲ့လေသလား .. ခေမာ။

အသိဥာဏ်ရဲ့အောက်
အလှတရားတွေ ပြားပြားမှောက်ခဲ့တဲ့အခါ
နောင်တဆိုတာ .. အသုံးတည့်ရင်
အရောင်လှတဲ့ မှန်လေးတစ်ချပ်ပါ ..ခေမာ။

အို နာ သေဘေး
ပြေးလို့ မလွတ် ဥာဏ်နဲ့ညွှတ်ရင်း
သုံးလူ့ရှင်ရဲ့ မြတ်တရားကို
နာကြား မြင်တွေ့ ..
စိတ်ချမ်းမြေ့ရပြီလား .. ခေမာ။

လွတ်မြောက်ခြင်းနဲ့ .. ခေမာ။

ငြိမ်းချမ်းခြင်းနဲ့ ..ခေမာ။

အဆုံးသတ်မှာ
ဥာဏ်ပညာဖုံးတဲ့ အေးမြခြင်းအပြုံး
အကြည်ညိုဆုံးပါ .. အရှင်မခေမာ ...။ ။


နန်းအသင်္ခယာ


(ဗုဒ္ဓစာပေတွေ ဖတ်မိတိုင်း ကျမအလွန်ကြည်ညိုလေးစားမိတဲ့ ဧတဒဂ်ရ
ဘိက္ခူနီ အရှင်မနှစ်ပါးရှိပါတယ်။ အရှင်မ ခေမာနဲ့ အရှင်မ ဥပ္ပလ၀ဏ်ပါ။
အရှင်မ ခေမာရဲ့ ၀တ္တုကို ဖတ်မိတိုင်း သူ့ပုံရိပ်လေးတွေကို အာရုံမှာ မြင်
လာမိတဲ့အထိ ကျမက ကြည်ညိုမိပါတယ်။ ဒါကြောင့် ကျမစိတ်ကို ညွှတ်
ပျောင်းစေပြီး၊ လက်အုပ်ချီမိစေတဲ့ အရှင်မ ခေမာရဲ့အကြောင်းလေးကို
ကျမ ဥာဏ်မီသလောက် ကဗျာလေး ရေးမိတာပါ။ အမှားပါရင် သူတော်
ကောင်းနှလုံးသားနဲ့ ခွင့်လွှတ်နိုင်ကြပါစေ။

ကျမကို ချစ်သူမုန်းသူအပေါင်း ချမ်းသာကိုယ်စိတ်မြဲကြပါစေ ..။)

Photo: "ခေမာ"


ချည်နှောင်ထားတဲ့ကြိုးတစ်စ
သမုဒယတဲ့လား .. ခေမာ။

ရုန်းထွက်မရတာ သေချာသယောင်
အနတ္တကို ပုန်းရှောင်ခဲ့သူ ..ခေမာ။

ဖူးငုံပွင့်လျှမ်း
မာနနဲ့ လန်းဆန်းခဲ့တဲ့ .. ခေမာ။

ထားခဲ့ပါ .. ခေမာ။

အတ္တသစ်သီးကို ကိုက်ချီထားတဲ့
ကိလေသာငှက်တစ်ကောင်အတွက်
သံသရာစက်မှာ လည်ပတ်ပျံသန်း 
မောပန်းရလိမ့်မယ် .. ခေမာ။

ပန်းမှန်သမျှ ပွင့်ဆဲခဏ လှကြတယ်။
လူမှန်သမျှ ရှင်ဆဲခဏ ပျော်ကြတယ်။
ပန်းတစ်ပွင့်လည်း ပွင့်ပြီးတဲ့နောက် .. ကြွေရတယ်။
လူတစ်ယောက်လည်း ရှင်ပြီးတဲ့နောက် ... သေရတယ်။

တုန်လှုပ်ခဲ့လေသလား .. ခေမာ။

အသိဥာဏ်ရဲ့အောက်
အလှတရားတွေ ပြားပြားမှောက်ခဲ့တဲ့အခါ
နောင်တဆိုတာ .. အသုံးတည့်ရင်
အရောင်လှတဲ့ မှန်လေးတစ်ချပ်ပါ ..ခေမာ။

အို နာ သေဘေး
ပြေးလို့ မလွတ် ဥာဏ်နဲ့ညွှတ်ရင်း
သုံးလူ့ရှင်ရဲ့ မြတ်တရားကို
နာကြား မြင်တွေ့ .. 
စိတ်ချမ်းမြေ့ရပြီလား .. ခေမာ။

လွတ်မြောက်ခြင်းနဲ့ .. ခေမာ။

ငြိမ်းချမ်းခြင်းနဲ့ ..ခေမာ။

အဆုံးသတ်မှာ
ဥာဏ်ပညာဖုံးတဲ့ အေးမြခြင်းအပြုံး
အကြည်ညိုဆုံးပါ .. အရှင်မခေမာ ...။        ။


နန်းအသင်္ခယာ


(ဗုဒ္ဓစာပေတွေ ဖတ်မိတိုင်း ကျမအလွန်ကြည်ညိုလေးစားမိတဲ့ ဧတဒဂ်ရ 
ဘိက္ခူနီ အရှင်မနှစ်ပါးရှိပါတယ်။ အရှင်မ ခေမာနဲ့ အရှင်မ ဥပ္ပလ၀ဏ်ပါ။
အရှင်မ ခေမာရဲ့ ၀တ္တုကို ဖတ်မိတိုင်း သူ့ပုံရိပ်လေးတွေကို အာရုံမှာ မြင်
လာမိတဲ့အထိ ကျမက ကြည်ညိုမိပါတယ်။ ဒါကြောင့် ကျမစိတ်ကို ညွှတ်
ပျောင်းစေပြီး၊ လက်အုပ်ချီမိစေတဲ့ အရှင်မ ခေမာရဲ့အကြောင်းလေးကို
ကျမ ဥာဏ်မီသလောက် ကဗျာလေး ရေးမိတာပါ။ အမှားပါရင် သူတော်
ကောင်းနှလုံးသားနဲ့ ခွင့်လွှတ်နိုင်ကြပါစေ။ 

ကျမကို ချစ်သူမုန်းသူအပေါင်း ချမ်းသာကိုယ်စိတ်မြဲကြပါစေ ..။)

"သုံးဖြာရတနာ"

"သုံးဖြာရတနာ"


ဆယ်ပါးပါရမီ
ဖြည့်ကျင့်ညီလျှက်
စည်းစိမ်ဥစ္စာ ချွေရံသာနှင့်
သင်္ချေလေးဖြာ ကမ္ဘာတစ်သိန်း
ခပ်သိမ်း ပယ်စွန့် .. ကျင့်ကြံဝံ့သည် ..
ဗုဒ္ဓမြတ်စွာ မည်သောကြောင့် ...။

အမှားပယ်ဖျောက်
အမှန်ရောက်ရေး
ဥာဏ်နှင့်တွေးချင် ကျွတ်တန်းဝင်၍
လူနတ်ဗြဟ္မာ သတ္တ၀ါတို့
ချမ်းသာဖို့ဆေး ..အမြိုက်ပေးသည်
တရားဓမ္မာ မည်သောကြောင့် ...။

ဘုရားအမွေ
သာသနာ့ရွှေစစ်
ဓမ္မနှစ်ကို လက်ဆင့်သယ်ဆောင်
လောကဘောင်သို့
ပူဇာနေယျ ပေးဝေငှသည် ...
ရှင်မြတ်သံဃာ မည်သောကြောင့် ...။ ။


နန်းအသင်္ခယာ

(ကျမ ငယ်ငယ်တည်းက ဘုရားနဲ့ပတ်သက်တဲ့ ဂုဏ်တော်လေးတွေ တရားဂုဏ်တော်လေးတွေကို သဘောကျတိုင်း ကဗျာလင်္ကာလေးတွေ ဖွဲ့တတ်ပါတယ်။ ကျမ ကဗျာလေးတွေဟာ ရတနာသုံးပါးရဲ့ ဂုဏ်နဲ့ယှဉ်လိုက်ရင် မနှိုင်းသာအောင် သေးငယ်
ပေမယ့်လည်း ၃၁ ဘုံသားများအားလုံးအတွက် တူညီသော မေတ္တာကို ပို့သရင်း ဒီကဗျာ
လေးကိုရေးလိုက်ပါတယ်။ ခုနစ်ရက်သားသမီးအပေါင်းနှင့် ကျမကို ချစ်သူ မုန်းသူများ
အားလုံး နှလုံးစိတ်ဝမ်း ငြိမ်းချမ်းကြပါစေ ...)

Photo: "သုံးဖြာရတနာ"


ဆယ်ပါးပါရမီ
ဖြည့်ကျင့်ညီလျှက်
စည်းစိမ်ဥစ္စာ ချွေရံသာနှင့်
သင်္ချေလေးဖြာ ကမ္ဘာတစ်သိန်း
ခပ်သိမ်း ပယ်စွန့် .. ကျင့်ကြံဝံ့သည် ..
ဗုဒ္ဓမြတ်စွာ မည်သောကြောင့် ...။

အမှားပယ်ဖျောက်
အမှန်ရောက်ရေး
ဥာဏ်နှင့်တွေးချင် ကျွတ်တန်းဝင်၍
လူနတ်ဗြဟ္မာ သတ္တ၀ါတို့
ချမ်းသာဖို့ဆေး ..အမြိုက်ပေးသည်
တရားဓမ္မာ မည်သောကြောင့် ...။

ဘုရားအမွေ
သာသနာ့ရွှေစစ်
ဓမ္မနှစ်ကို လက်ဆင့်သယ်ဆောင်
လောကဘောင်သို့ 
ပူဇာနေယျ ပေးဝေငှသည် ...
ရှင်မြတ်သံဃာ မည်သောကြောင့် ...။       ။


နန်းအသင်္ခယာ

(ကျမ ငယ်ငယ်တည်းက ဘုရားနဲ့ပတ်သက်တဲ့ ဂုဏ်တော်လေးတွေ တရားဂုဏ်တော်လေးတွေကို သဘောကျတိုင်း ကဗျာလင်္ကာလေးတွေ ဖွဲ့တတ်ပါတယ်။ ကျမ ကဗျာလေးတွေဟာ ရတနာသုံးပါးရဲ့ ဂုဏ်နဲ့ယှဉ်လိုက်ရင် မနှိုင်းသာအောင် သေးငယ်
ပေမယ့်လည်း ၃၁ ဘုံသားများအားလုံးအတွက် တူညီသော မေတ္တာကို ပို့သရင်း ဒီကဗျာ
လေးကိုရေးလိုက်ပါတယ်။ ခုနစ်ရက်သားသမီးအပေါင်းနှင့် ကျမကို ချစ်သူ မုန်းသူများ
အားလုံး နှလုံးစိတ်ဝမ်း ငြိမ်းချမ်းကြပါစေ ...)

အရိပ်၊ (မဟာနာယကချုပ်ဆရာတော် မွေးနေ့ အထိမ်းအမှတ်စာစောင် -မှ


ဘဝဆိုတာ ရေပြင်ပေါ်က ကြာရွက်ပမာ

ဘဝဆိုတာ ရေပြင်ပေါ်က ကြာရွက်ပမာ

တစ်ချို့တစ်ချို့က
ကိုယ်ရောက်ရှိနေတဲ့နေရာကို
အဟုတ်ကြီး ထင်ပြီး
ဘဝင်မြင့်နေတတ်ကြတယ်။

တစ်ချို့တစ်ချို့က
ကိုယ်ရရှိပိုင်ဆိုင်ထားတာလေးကို
ပျက်စိးပျောက်ကွယ်မှုမရှိ ခိုင် မြဲတယ်ထင်ပြီး
အေးအေး ဆေးဆေးဖြစ်နေတတ်ကြတယ်။

တကယ်တော့
ကိုယ်ရောက်ရှိ၊ ပိုင်ဆိုင်နေတဲ့ ဘဝဆိုတာ
ရေပြင်ပေါ်က ကြာရွက်တစ်ခုလိုပဲ
အချိန်မရွေး အကြောင်းမရွေး
ပျက်စီး ပျောက်ပျက်နိုင်တယ် ။

ဒါကြောင့်
ကိုယ့်ကိုကိုယ် အဟုတ်ကြီးထင်ပြီးလည်း
ဘဝင်မြင့်မနေနဲ့။
ဘယ်တော့မှ မပျက်စီးတော့မဲ့အတိုင်းလည်း
အေးအေးဆေးဆေး မနေနဲ့။

နောက်ကြာရွက်တစ်ခုဆီကို ခုန်ကူးဖို့
အဆင်သင့်ပြင်ထား
ဘယ်ကြာရွက်ဆီကို သွားမလဲ
ကိုယ်ရွေးထားတာ ကြာရွက်ဆိုတာလည်း
မမေ့နဲ့အုံး။


အရှင်သုဝီရ (မဟာဂန္ဓာရုံ)


လူ့ထက်သာတဲ့သူ၊ (မဟာနာယကချုပ်ဆရာတော်၏ သက်တော် ရှစ်ဆယ်ပြည့် မွေးနေ့ အထိမ်းအမှတ် စာစောင် -မှ