Friday, September 7, 2012
Wednesday, September 5, 2012
Sunday, September 2, 2012
မျက်ရည်အိပ်မက်များ မဖြစ်စေလို
မျက်ရည်အိပ်မက်များ မဖြစ်စေလို
“လူတိုင်းမှာ အိပ်မက်တွေ
အဲဒီအိပ်မက်တွေကို
အခြားသူတွေရဲ့ မျက်ရည်တွေနဲ့
တည်ဆောက်တဲ့အခါ
ကိုယ့်ရဲ့အိပ်မက်တွေဟာလည်း
မျက်ရည်ပြန်ဖြစ်သွားတယ်””တဲ့။
““ပုလဲဆိုတာ
ကမာကောင်ရဲ့ မျက်ရည်လို့ ဆိုရိုးရှိတယ်
အဲဒီပုလဲလေးတွေကို
အဆင်တန်ဆာအဖြစ် ၀တ်ဆင်တော့မယ်ဆိုရင်
ကမာကောင်လေးတွေကို သတိရပါ””တဲ့။
မိမိရဲ့ အိပ်မက်များ
မိမိရဲ့ ခမ်းနားထည်ဝါမှုများ
မိမိရဲ့ အဆင်တန်ဆာ အသုံးအဆောင်များဟာ
အခြားသူတွေရဲ့မျက်ရည်ပေါင်းများစွာကို
အရင်းအနှီးပြုပြီးမှရခဲ့တာဆိုရင်
ဖြူစင်မှုနဲ့ငြိမ်းချမ်းမှုက ဝေးသထက် ဝေးနေအုံးမှာပါ။
Taxi
Taxi
Life can be compared to driving a taxi.
The mind is the master and driver.
The guests and the passenger change each
time,
Just like the many karmic connections
we encounter in life.
Without awakening and realization,
a person takes the guest as the master,
and their mind always clings to the many
passenger
who come and go.
As a result, discriminating,
changeble and unsettling moods are
generated.
Saturday, September 1, 2012
အဝေးရောက် အမေလွမ်းသူများအတွက်
အမေ...သို့
အမေ ၊ အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ် … ။
အမေ့ မျက်ရည်တွေ သားအတွက် ဘယ်လောက်များ သွန်းလောင်းခဲ့
ပြီးပြီလဲ အမေ။
သားရဲ့မိုက်မဲမှုတိုင်းမှာအမေဟာ ဓါးစာခံ ၊ သားရဲ့
ပျော်ရွှင်မှုတိုင်းမှာတော့ အမေဟာ ပရိသတ် ၊
သားရဲ့ဝမ်းနည်းပူဆွေးမှုတွေ အတွက်တော့ အမေဟာ
ရေအေး တစ်ခွက်ပါ အမေ။
အမေရယ်
… ဘာဆိုဘာမှ မသိသေးတဲ့
အချိန်တွေ ကတည်းက အမေ့သားဟာ
ဘယ်လိုဆိုတာ သိခဲ့တဲ့အတွက်
အမေကို
ကျေးဇူးတင်ပါတယ် … ။ သား အမေ့ အတွက်
မသိတတ်ခဲ့တဲ့ အချိန်တွေ အတွက်လည်း
အမေ့ကို ကျေးဇူးတင်ပါတယ် ။
အမေဟာ သားအတွက် ပဲ့ကိုင် ၊ တံတိုင်း ၊ လှေခါး
၊ အားလုံးကို ချုံပြောရရင်တော့ အနန္တကျေးဇူးရှင်ပါ
…။
“မိဘမျက်ရည်တစ်စက် သားသမီး ဆင်းရဲတစ်သက်” တဲ့ အမေ … ။
သားအတွက်ကြောင့် အမေကျခဲ့ရတဲ့ မျက်ရည်တွေဟာ
… အလျှံအပယ်ပါပဲ ။
ဆင်းရဲမှာ မကြောက်တတ်တဲ့
သားဟာ … အခုတော့
အမေမျက်ရည် ကျမှာကိုတော့ သေမလောက်
ကြောက်တတ် နေပါပြီအမေ ။
အဝေးရောက် အမေလွမ်းသူများအတွက်
အမေ
ရာသီ အလီလီပြောင်းခဲ့လည်း
မနေ့တစ်နေ့ကလိုပဲ အမေ
အမေ ထွက်သွားတဲ့ရက်
အိပ်မက်တစ်ခုလို ထင်မှား
အမေ့ ပုံရိပ်တွေ ရှင်သန်နေဆဲပါ။
မြို့ပြတစ်ခုရဲ့ရင်ခွင် ၀င်ကာနားခို
အမေ့ရွာလောက်သား မပျော်ဘူး။
မိုးမျှော်တိုက်တွေက ခိုင်ခံ့
အမေ့တဲအိုလောက် မလုံခြုံဘူး။
ပီဇာတွေ၊ ဘာဂါတွေစား
အမေ့ ထမင်းကြမ်းလောက် မမြိန်ဘူး။
မြို့ပြတွေရဲ့ နေရောင်ခြည်
အမေ့ ရင်ခွင်လောက် မနွေးထွေးဘူး။
နီယွန်မီးတွေ ထိန်လင်း
လမ်းပြကြယ်တွေ ဘယ်နှစှ်စင်းလင်းလဲ
အမေ့ရဲ့ လမ်းညွှန်မှုမရှိလို့
အနာဂတ်ဟာ မဲမှောင်နေဆဲပါ အမေ။
"ဘယ်တော့မှ မငိုနဲ့ ".....တဲ့
အမေ့ရဲ့ နောက်ဆုံးစကားတစ်ခွန်း
သားအတွက် ခွန်အားဖြစ်လို့
ကျလုလုမျက်ရည်တွေ မျိုသိပ်
လောကဓံရဲ့ မုန်တိုင်းကြား
အခါးအသီးတွေ ခါးစည်းခံရင်း
ဘ၀လှေကို အားမာန်နဲ့ လှော်ခတ်ဆဲပါအမေ။
ဘ၀မှာ အမေသာ စံပြ
အမေ့ကို နမူနာယူလို့
အမေတူသား ပီသစွာနဲ့
ကံကြမ္မာရဲ့ ဇာတ်ကွက်တွေအောက်မှာ
အံကြိတ်လို့ ဟန်ချက်ညီညီ ကရင်း
အမေ့ကို လွမ်းဆွတ် သတိရဆဲပါ အမေ။
(ရေးသူမသိ)
ဖတ်ခဲ့ဖူးသော ဘလော့တစ်ခုမှ။
Subscribe to:
Posts (Atom)



