ဓမ္မရေးရာ အတွေးစများ၊ ကဗျာများ၊ ကြိုက်နှစ်သက်ရာ မှတ်တမ်းဓာတ်ပုံများ၊ ဖတ်ခဲ့ဖူးသော စာများထဲမှ နှစ်သက်ရာ စာ ကဗျာများနှင့် အတွေးအခေါ်များကို မှတ်တမ်းသဘော မျှဝေ တင်ပြထားပါသည်

Saturday, January 26, 2013

ဆံဖြူကြီးနဲ့ သုံးမ၀င်ပြီ



ဆံဖြူကြီးနဲ့ သုံးမ၀င်ပြီ

၁။ ရွတ်တွ ယွင်းယို ခွေယိုင်နွဲ့လို့
တွေမှိုင်သနဲ့ လက်ခြေတုန်၊
နေထိုင်မတဲ့ ရက်တွေကုန်ပြီ
သက် မသေရုံ ကျန်ပါတော့။

၂။ အရိုးခေါက်ခက် မှိန်တိမ်တိမ်ငယ်၊
ပိန်တလိန်လိန် အိုမင်းချေပေါ့နော့။

၃။ ရှုံ့တီး ရှုံ့တွ သားအရေ
 သွားအကြွေ အားတွေ မသန်ပျော့။

၎။ စားလေ ၀ါးလေ အန်တအော့နဲ့၊
တန်ပေါ့ မာန်လျော့ ဇရာကောင်။

၅။ တောင်ဝှေး လက်ကိုင် အဖော်နွဲ့နဲ့၊
ကချော်ကချဲ့ ယောင်တီးယောင်တောင်တောင်။

၆။ နတီး နတ ပိန်ချောင်ချောင်ငယ်၊
 မှိန်တမှောင်မှောင် အမြင်မှေးလို့၊
ဘ၀င်သွေးက ခုန်ဆွခုန်ဆွနေ၊
ကြုံမှ ကြုံရပလေ။

၇။ ရင်အုံချိုင့်လို့ ခါးကိုင်းချေပြီ၊
နားထိုင်းဝေတေ ယောင်ငေးမှိုင်လို့လေး။

၈။ ဆံဖြူကြီးနဲ့ သုံးမ၀င်တယ်၊
မုန်းချင်စဖွယ် လွန်ကောင်းပါဘိလေး။

                        (လယ်တီပဏ္ဍိတ ဦးမောင်ကြီး)

No comments:

Post a Comment